ဂျပန် ဖူကူရှီးမားလူငယ်(ယူ-၁၄)အသင်း မြန်မာ့ဘောလုံးအကယ်ဒမီအသင်းများနှင့် ခြေစမ်းမည်

ရန်ကုန်၊ ဇွန်-၇

ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ အကယ်ဒမီတစ်ခုဖြစ်သော ဖူကူရှီးမားအကယ်ဒမီမှ ယူ-၁၄ အသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ ဩဂုတ် ၅ ရက်မှ ၉ ရက်အထိ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖူကူရှီးမား ယူ-၁၄ အသင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ စာပို့အကြောင်းကြားပြီး လာရောက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခြေစမ်းပွဲအတွက် မြန်မာ့ဘောလုံးအကယ်ဒမီအသင်းများကို ကစားစေမည်ဖြစ်ကြောင်း အဖွဲ့ချုပ်စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောကြားခဲ့သည်။

-Ads-
-Ads-

‘ဖူကူရှီးမားအကယ်ဒမီကနေ အဖွဲ့ချုပ်ကို အကြောင်းကြားလာတယ်။ သူတို့
မြန်မာနိုင်ငံမှာလေ့ကျင့်ပြီး ခြေစမ်းပွဲကစားချင်တယ်လို့ ပြောလာတယ်။ ကျွန်တော်တို့က
လည်း ကြိုဆိုတယ်။ ဒါကြောင့် သူတို့က သူတို့အစီအစဉ်နဲ့ ဒီကိုလာမယ်။ ကျွန်တော်တို့ဘက်ကတော့ ခြေစမ်းပွဲကစားဖို့နဲ့ လေ့ကျင့်ရေးကွင်းစီစဉ်ပေးမယ်။ ခြေစမ်းပွဲကိုတော့ မြန်မာ့ဘောလုံးအကယ်ဒမီအသင်းတွေနဲ့ ကစားစေမှာပါ’ဟု ပြောကြားခဲ့သည်။

ထိုလေ့ကျင့်ရေးအစီအစဉ်တွင် ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ခြေစမ်းပွဲများကို ဩဂုတ် ၆ ရက်နှင့် ၈ ရက်တို့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

-Ads-
-Ads-