တာရန်စီကွန်ဂိုလိုကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဟက်ဒါစဖီးလ်ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဟက်ဒါစဖီးလ်အသင်းသည် နယ်သာလန် လက်ရွေးစင်ခံစစ်မှူး တာရန်စီကွန်ဂိုလို ကို ဇွန် ၈ ရက်တွင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနီးပါးဖြင့် အပြီးသတ် စာချုပ်ခေါ်ယူလိုက်သည်။

တာရန် စီကွန်ဂိုလိုသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ကတည်းက မိုနာကိုအသင်းမှ ဟက်ဒါစဖီးလ် အသင်းသို့ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့သူဖြစ်ကာ ဘယ်နောက်ခံ ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဟက်ဒါစဖီးလ်အသင်းက ယခုမှ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနီးပါးဖြင့် လေးနှစ်စာချုပ်ကာ အပြီးသတ် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

တာရန်စီကွန်ဂိုလိုသည် လွန်ခဲ့သည့် ၁၂ လကမှ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ မိုနာကိုသို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ဟက်ဒါ စဖီးလ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်း
နှင့်ပတ်သက်ပြီး ဟက်ဒါစဖီးလ်နည်းပြ ဒေးဗစ်ဝက်ဂ်နာက ‘ကျွန်တော်တို့ မျှော်လင့်ထားတဲ့ခြေစွမ်းထက်တောင် ကွန်ဂိုလို
က ပိုကောင်းအောင်ကစားနိုင်ခဲ့လို့ သူ့အတွက် လေးနှစ်စာချုပ်ဟာ ထိုက်တန်ပါတယ်’ဟု ပြောကြားသွားသည်။

-Ads-
-Ads-

ဟက်ဒါစဖီးလ်အသင်း၏ ယခင်တန်ကြေး အကြီးဆုံးခေါ်ယူမှုမှာ ၂၀၁၆ နွေရာသီကာလက မွန်ပယ်လီယာ အသင်းမှ တိုက်စစ်မှူး စတိဗ်မူနီကို ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သောကြောင့် ယခုကွန်ဂိုလိုမှာ အသင်း၏တန်ကြေး အပြီးဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-