ကမ္ဘာ့ဖလားတွင် အင်္ဂလန် ခြေစွမ်းကောင်း ပြသနိုင်မည်ဟု မော်ရင်ဟိုသုံးသပ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားရေဒီယိုလိုင်းဖြစ်သော RTမှ သုံးသပ်တင်ဆက်မည့် မန်ယူနည်းပြမော်ရင်ဟိုက အင်္ဂလန်အသင်းမှာ အတွေ့အကြုံကောင်းရှိသူများ၊ အကောင်းဆုံးလူငယ်ကစားသမားများနှင့်ပေါင်းစပ်ထားခြင်းကြောင့် ကမ္ဘာ့ဖလားပွဲတွင် အောင်မြင်နိုင်သည်ဟု သုံးသပ်ခဲ့သည်။

မော်ရင်ဟိုက ‘အင်္ဂလန်အသင်းမှာ ငယ်ရွယ်သူတွေ၊ အတွေ့အကြုံ များသူတွေ နဲ့ အကောင်းဆုံးဖွဲ့စည်းထားနိုင်လို့ သူတို့ အောင်မြင်နိုင်ပါတယ်။ အားလုံးဟာ ကမ္ဘာမှာ အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်က အကောင်းဆုံးအသင်းတွေမှာ ကစားနေကြတဲ့သူတွေဖြစ်ပြီး ချန်ပီယံလိဂ်ပွဲအတွေ့အကြုံတွေလည်း ရှိနေကြတာကြောင့် သူတို့ အကောင်းဆုံးစွမ်းဆောင်နိုင်မယ်ထင်ပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ ဘရာဇီးအစရှိတဲ့ အသင်းတွေဟာ ဗိုလ်စွဲဖို့ ရေပန်းစားတယ်ဆိုပေမယ့် သူတို့မှာ ကစားသမားကောင်းတွေ ပါဝင်ပြီး အသင်းလိုက်မှာတော့ အမြဲအကောင်းဆုံးဖြစ်နိုင်တာမျိုးမဟုတ်ဘူးလို့ ပြောချင်ပါတယ်’ဟု သုံးသပ်ခဲ့သည်။