ဖြိုးပြည့်စုံ၏ မျှော်နိုင်သမျှ အမ်တီဗွီအခွေ ထွက်ရှိ

ဓာတ်ပုံ - ရွှန်းရွှန်း

ရန်ကုန်၊ ဇွန်-၂၃

တေးသံရှင်ဖြိုးပြည့်စုံ၏ မျှော်နိုင်သမျှ MTV တေးစီးရီးမိတ်ဆက်ပွဲကို ရန်ကုန်မြို့သုဝဏ္ဏရှိ Soccer House Cafe တွင်ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။ အဆိုပါ မျှော်နိုင်သမျှ MTV သည် Audio ထွက်ရှိပြီး သုံးနှစ်အကြာမှ ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော် ဒီအခွေကြာနေရတာက ပရိသတ်ကို သေချာလေးလုပ်ပြချင်တာလည်းပါတယ်။ ငွေအား၊ လူအားတွေ သေချာစိုက်ထုတ်ရတာမို့ ကြာနေတာပါ။ ဒီအခွေက ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီMTV ကို ထုတ်တာပါ’ဟု တေးသံရှင်ဖြိုးပြည့်စုံက ပြောသည်။

-Ads-
-Ads-

အဆိုပါ Music Vedio ကို The Sun Music Production က မျှော်နိုင်သမျှ၏ သုံးနှစ်ပြည့် ဇွန် ၂၉ ရက်တွင်
ဖြန့်ချိမည်ဖြစ်ပြီး တင်ဇာမော်၊ ကျော်သီဟ၊ ရွှေရည်ဖြိုးမောင်နှင့် ဂျူဝယ်တို့က ပါဝင်ကူညီသီဆိုပေးထားကြောင်း သိရသည်။

-Ads-
-Ads-