ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသည့်အာရှ ကစားသမားအဖြစ် ဟွန်ဒါမှတ်တမ်းဝင်

ဇွန် ၂၅

ဂျပန်တိုက်စစ်မှူး ဟွန်ဒါသည် ဆီနီဂေါအသင်းကိုအနိုင်ရသည့် ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ခြင်းကြောင့် ကမ္ဘာဖလား သမိုင်းတစ်လျှောက် အာရှကစားသမားများထဲတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် စံချိန်တစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ကြောင်း အားကစားသတင်းပက်ဘ်ဆိုဒ် Opta Stat တွင်ဖော်ပြထားသည်၊

ဟွန်ဒါသည် ကမ္ဘာဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်ပွဲပေါင်း ၉ ပွဲ ကစားခဲ့ရာ ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။

-Ads-
-Ads-

၎င်းသည် ၂၀၁၀၊ ၂၀၁၄ နှင့် ၂၀၁၈ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲတွင် ဂျပန်အသင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆီနီဂေါနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းကြောင့် ဂျပန်လက်ရွေးစင် အတွက် စတုတ္ထမြောက်နိုင်ငံတကာသွင်းဂိုးအများဆုံးသွင်းထားသည့် လေးယောက်မြောက် ကစားသမားဖြစ်လာခဲ့သည်၊

ဟွန်ဒါ ၏ သွင်းဂိုးကြောင့် ဂျပန်အသင်းသည်သရေကျခဲ့ပြီး ရှုံးထွက်အဆင့်တက်နိုင်ရန် အလားလာကောင်းသွားခဲ့သည်၊

Ref ; Opta Stat

-Ads-
-Ads-