အင်္ဂလန်လက်ရွေးစင်အသင်း ကမ္ဘာ့ချန်ပီယံဖြစ်နိုင်သည်ဟု ယုံကြည်စိတ် ရှိလာကြောင်း နည်းပြ ဆောက်ဂိတ်ဆို

အင်္ဂလန်အသင်းသည် ဇွန် ၂၄ ရက်တွင် ပနားမားနှင့် ကစားခဲ့သည့်ပွဲ၌ အသင်းခေါင်းဆောင်
တိုက်စစ်မှူး ဟယ်ရီကိန်း၏ ဟက်ထရစ်သွင်းဂိုးအပါအဝင် ခြောက်ဂိုးသွင်းကာ ပနားမားကို ခြောက်ဂိုး-တစ်ဂိုးဖြင့် ခြေစွမ်းပြအနိုင်ရခဲ့ပြီးနောက် နှစ်ပွဲကစားအပြီး ခြောက်မှတ်နှင့် အုပ်စုမှ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ နည်းပြ ဆောက်ဂိတ်က မိမိအသင်းသားများသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်မည်ဟု ယုံကြည်စိတ် ရှိလာကြကြောင်း ပြောကြားသည်။

အုပ်စုအဖွင့်ပွဲတွင် တူနီးရှားကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်နေရာအတွက် အုပ်စုနောက်ဆုံးပွဲတွင် ဘယ်လ်ဂျီယံနှင့်ကစားရမည်ဖြစ်ရာ ဆောက်ဂိတ်က ‘ကစားသမားတွေဟာ မှန်ကန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ကြပြီးဖြစ်လို့ ယုံကြည်မှု မြင့်တက်လာကြပါတယ်။ ဘရာဇီး၊ ဂျာမနီအသင်းကြီးတွေလည်း နောက်ကျဂိုးတွေနဲ့သာ အသက်ဆက်နိုင်ခဲ့ကြတာကြောင့် တစ်ပွဲထက်တစ်ပွဲ အသင်းဟာ ယုံကြည်ချက်နဲ့ စုဖွဲ့ကစားမှု ပိုပိုကောင်း လာတယ်။ ဒါကြောင့် ကစားသမားတွေဟာ ကမ္ဘာ့ဖလားမှာ သူတို့ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေလည်း ရလာခဲ့ပါတယ်။ အခြားပွဲတွေကို ကြည့်ပြီး အားတက်လာကြတယ်။ တူနီးရှားနဲ့ပွဲမှာ နောက်ဆုံး ၁၀ မိနစ်အတွင်း ကျွန်တော်တို့ဟာ
ဘောလုံးပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်းအထိ ရခဲ့တယ်။ သူတို့ ဘယ်လောက် စုဖွဲ့ကစားမှုကောင်းလာသလဲဆိုတာလည်း ကစားသမားတွေဟာ သိနေကြတယ်။ ကမ္ဘာ့ဖလားဆိုတဲ့ပြိုင်ပွဲကြီးမှာရှိနေတဲ့ ဖိအားတွေက များပေမယ့် သူတို့ ပေါ့ပါးစွာ နေနိုင်ကြပါပြီ’ဟု ပြော ဆိုခဲ့သည်။

-Ads-
-Ads-