မော်တော်ယာဉ်တင်သွင်းမှုဒဏ်ကြေးသတ်မှတ်ချက်အပေါ်တစ်ပိုင်တစ် နိုင်တင်သွင်းသူများဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့မော်တော်ယာဉ်တွေကိုဒဏ်ကြေးသတ်မှတ်ချက်အပေါ်တစ်ပိုင်တစ်နိုင်မော်တော်ယာဉ်တင်သွင်းသူ ၂၀ ခန့်က တာမွေမြို့နယ်၊ ဟစ်တိုင်ကွင်းအတွင်းမှာ ဒီနေ့မွန်းလွဲပိုင်းမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“Group C ဆိုတာ တင်သွင်းလာတဲ့ကားတွေမှာ မူလကားပုံစံ မဟုတ်ဘဲ လုပ်ငန်းသုံး Van ဖြစ်အောင် ပြင်ဆင်ထားတဲ့ ကားတွေ ဖြစ်တဲ့အတွက် ဒဏ်ကြေးကို ကားတန်ဖိုးရဲ့ တစ်ဝက်ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရပါတယ်။ Group D ဆိုတာ လူစီးကားတွေကို ပြင်ဆင်ထားတဲ့ ကားတွေဖြစ်တဲ့အတွက် ဒဏ်ကြေးကို တင်သွင်းထားတဲ့ ကားတန်ဖိုးအတိုင်း ပေးဆောင်ရပါတယ်။ အခုလိုမျိုး မြင့်မားတဲ့ဒဏ်ကြေး တွေကြောင့် မပေးဆောင်နိုင်ခဲ့ရင် တင်သွင်းထားတဲ့ ကားတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် အခုလို ဆန္ဒပြရခြင်း ဖြစ်တယ်”လို့ ဒီဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးမြတ်မင်းချစ်က ပြောပါတယ်။

ရန်ကုန်ဆိပ်ကမ်းကနေ မထုတ်နိုင်သေးတဲ့ယာဉ်အရေအတွက်ဟာ ၃၈၀စီး ခန့်ရှိပြီး နယ်စပ်မှာ ကားအစီးရေ ၂၀၀၀ ခန့် ရှိတယ်လို့ သူက ပြောပါတယ်။

-Ads-
-Ads-

-Ads-
-Ads-