အချစ်ဇာတ်ကား ဦးစားပေးမရိုက်ဘဲဥပဒေပညာပေးဇာတ်ကားနှင့်နိုင်ငံရေးဇာတ်ကားများသာ ရိုက်တော့မည်

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီဖွေးဖွေးသည် နောက်ပိုင်းတွင်အချစ်ဇာတ်ကား ဦးစားပေးရိုက်ကူးတော့မည်မဟုတ်ဘဲ ဥပဒေပညာပေးဇာတ်ကားနှင့် နိုင်ငံရေးဇာတ်ကားများသာ ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

“ဖွေးက နောက်ပိုင်းမှာ အချစ်ဇာတ်ကားတွေကို ဦးစားမပေးတော့ဘဲနိုင်ငံရေးဇာတ်ကားတွေ၊ ဥပဒေပညာပေးဇာတ်ကားတွေကို ရိုက်သွားဖို့ရှိပါတယ်။

ပရိသတ်အတွက်လည်းအသိပညာပေးနိုင်တဲ့ဇာတ်ကားတွေရိုက်ကူးသွားမှာပါ”ဟု အကယ်ဒမီဖွေးဖွေးက ပြောသည်။

-Ads-
-Ads-

အကယ်ဒမီဖွေးဖွေးသည် ယခုလက်ရှိတွင် လှပ်၍လွင့်သောရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေပြီး သူမနှင့်အတူ သရုပ်ဆောင်အလင်းရောင်၊ ကျော်ထက်အောင်၊ ရတနာဗိုလ်တို့ပါဝင်သရုပ်ဆောင်ထားသည့် CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်ပြသနေခြင်းဖြစ်သည်။

“CO2 ရုပ်ရှင်ဇာတ်ကားမှာအလင်းရောင်ကို ပံ့ပိုးပေးစေချင်တဲ့စိတ်နဲ့ရိုက်ကူးထားတာပါ။

ဖွေးက အောက်လမ်းပညာကို ယုံကြည်တာမျိုးမဟုတ်ပေမယ့် ရှိတယ်ဆိုတာကိုတော့ လက်ခံတယ်။

နောက်ပြီး ဖွေးက ရှေ့မှာ မင်းသမီးဇာတ်တွေလည်း ရိုက်ခဲ့တာများတယ်။

ဒါကြောင့်လည်း လက်ခံရိုက်ကူးဖြစ်တာပါ”(CO2)ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကား လက်ခံရိုက်ကူးပုံနှင့်ပတ်သက်၍ အကယ်ဒမီဖွေးဖွေးက ပြောသည်။

ထို့နောက် အကယ်ဒမီဖွေးဖွေးသည် ဩဂုတ်လထဲတွင် ကျရောက်မည့်သူမ၏မွေးနေ့တွင် အလှူအတန်းလုပ်ပြီး ညပိုင်းတွင် ရွှေတိဂုံစေတီ၌ ဆီမီးပူဇော်မည်ဖြစ်ကြောင်း သူမက ပြောသည်။

-Ads-
-Ads-