သျှင်နေမင်း တင်ဆက်မည့် မင်္ဂလာဝတ်စုံပြပွဲ

သျှင်နေမင်း(Excellent Models Agency) က ဦးစီးတင်ဆက်မည့် Amazing Dream Wedding Wiorld & Myanmar Famous Designers FantasticShow2018Kအမည်ပေးထားသော မင်္ဂလာဝတ်စုံပြပွဲကိုဩဂုတ် ၁၂ ရက်တွင်SkyStar Hotel၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ သျှင်နေမင်း( Excellent Models Agency)က နှစ်စဉ်နှစ်တိုင်း ဝါဝင်ပြီဆိုတာနဲ့အခုလိုပွဲကို ကျင်းပဖြစ်တယ်။

အခုနှစ်ကတော့ ရန်ကုန်မှာပြုလုပ်ဖြစ်မှာပါ။

-Ads-
-Ads-

နှစ်စဉ် ကျင်းပနေကျဖြစ်တော့တစ်နှစ်ထက်တစ်နှစ် မတူအောင်စီစဉ်ထားပါတယ်။

မင်္ဂလာဆောင်မယ့်မောင်နှံတွေ၊ ဖက်ရှင်ကိုချစ်မြတ်နိုးတဲ့ပရိသတ်တွေရော အားလုံးလာကြည့်လို့ရပါတယ်}ဟု သျှင်နေမင်း( Excellent Models Agency)က ပြောသည်။

မင်္ဂလာဝတ်စုံပြပွဲ Show Timeကို ညနေ ၆ နာရီမှစတင်ကာ ပြသသွားမည်ဖြစ်ပြီး ဩဂုတ် ၁၂ ရက် မွန်းလွဲ၁ နာရီမှစ၍ မင်္ဂလာဆောင်နှင့်ပတ်သက်သည့်ပစ္စည်းများ ရောင်းချသွားမည့်ဆိုင်ခန်း ၃၃ ခန်းကိုလည်းခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီနှစ် မင်္ဂလာဝတ်စုံပြပွဲမှာဒီဇိုင်နာခြောက်ယောက် ပါပါတယ်။

ထိုင်မသိမ်း၊ မြန်မာပွဲတက်၊ ဂါဝန်၊Evening Groundတွေ၊တခြားယဉ်ကျေးမှု့ဝတ်စုံတွေပါမယ်။

မိတ်ကပ်ပညာရှင်လည်း ငါးယောက်ပါတယ်။

ဒီပွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေလည်းအများကြီးပါဝင်ဆင်နွှဲမှာ ဖြစ်ပါတယ်”ဟု သျှင်နေမင်း ( Excellent Models Agency) က ဆက်လက်ပြောဆိုသည်။

-Ads-
-Ads-