တိုက်စစ်မှူး ဆွန်ဟောင်မင်ကို အာရှအားကစားပွဲတော်အတွက် စေလွှတ်ပေးရန် စပါးသဘောတူ

စပါးအသင်းသည် ဩဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာရှအားကစားပွဲတော်တွင် အသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်ပါဝင်ကစားနိုင်ရန် ခွင့်ပြုလိုက်ပြီး တောင်ကိုရီး ယားဘောလုံးအဖွဲ့ချုပ်နှင့် သတောတူညီမှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ ကြောင်း ဩဂုတ် ၁ ရက်တွင် အတည်ပြုထုတ်ပြန်သည်။ စပါးအသင်းသည် ဆွန်ဟောင်မင်ကို ဩဂုတ် ၁၈ ရက်တွင် ကစားမည့် ဖူလ်ဟမ်နှင့်ပရီးမီးယား လိဂ်ပွဲစဉ်ပြီးမှ အာရှအားကစားပွဲအတွက် စေလွှတ်ချင်သော်လည်း ယခု သဘောတူညီမှုကြောင့် ဩဂုတ် ၁၁ ရက် နယူးကာဆယ်နှင့်ရာသီအဖွင့်ပွဲ အပြီး နိုင်ငံအသင်းအတွက် ပြန်လည်စေလွှတ်ရန် သဘောတူပေးခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီမှုနှင့်အတူ ဇန်နဝါရီ ၇ ရက်နှင့် ၁၁ ရက်တို့တွင် ဖိလစ်ပိုင်၊ ကာဇက်စတန်တို့နှင့် ကစားရမည့် အာရှဖလားဘောလုံးပွဲများနှင့် နိုဝင်ဘာလအတွင်းကစားရမည့် နိုင်ငံခြေစမ်းပွဲတစ်ပွဲတွင် ဆွန်ဟောင်မင် ကို လွှတ်ပေးခြင်းမပြုနိုင်ဆိုသော တောင်းဆိုမှုအား တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ဘက်မှ ပြန်လည်လက်ခံပေးခဲ့ရကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ၂၁ လကြာ စစ်မှုမထမ်းမနေရ ဥပဒေရှိနေ ရာ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်ခဲ့ခြင်း၊ ၂၀၁၄ အာရှ အားကစားပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ခြင်းများတွင် ထိုအားကစားသမားများကို စစ်မှုထမ်းခွင့် လွတ်မြောက်ခွင့်ပေးခဲ့ရာ ယခုဆွန်ဟောင်မင်သည် အာရှ အားကစားပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ရွှေတံဆိပ်ရနိုင်လျှင် စစ်မှု ထမ်းခွင့်လွတ်ကင်းခွင့်ရမည်ဖြစ်သည်။ ၂၀၁၄ အာရှအားကစားပွဲတွင် ဆွန်ဟောင်မင်ကို ထိုစဉ်က မိခင်အသင်းဖြစ်သော လီဗာကူဆင်က နိုင်ငံ အတွက် ကစားရန် စေလွှတ်ပေးခြင်းမရှိသဖြင့် ရွှေတံဆိပ်မရနိုင်ခဲ့ဘဲ စစ်မှုထမ်းရရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။

-Ads-
-Ads-