ဆေးရုံရောက်သွားရသည့်ချမ်းမြေ့မောင်ချိုအတွက် စိတ်မကောင်းကြောင်း တီတီစီကျောင်းအုပ်ကြီးဖွင့်ဟ

TTc သို့ ခဏလာသည်ကို ဝိုင်းပြောကြသည့် Post များကြောင့် ဆေးရုံရောက်သွားရသည့် မြန်မာအိုင်ဒေါ ဖိုင်နယ်လစ်စာရင်းဝင်ချမ်းမြေ့မောင်ချိုအတွက် စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) ၏ ကျောင်းအုပ်ကြီး ဒေါက်တာမိုးသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဩဂုတ် ၈ ရက်၌ ဖွင့်ဟရေးသားခဲ့သည်။

“စိတ်မကောင်းစရာစကားလေး အခုကြားလိုက်ရတယ်။

မောင်ချိုလေးTTC ခဏလာတာကိုဝိုင်းပြောကြတဲ့ Post တွေအကြောင်း သူငယ်ချင်းတွေကပြောပြတာကြားပြီး သူ့ကြောင့် သူချစ်တဲ့ကျောင်းနဲ့ ဆရာမတွေအပြောခံရတယ်ဆိုပြီး နှလုံးထိသွားတယ်တဲ့။

-Ads-
-Ads-

သူ့ခမျာ ကျောင်းမှာ ဆရာမတွေကို ဂါရ၀လာပြုတာ ဘာများကျူးလွန်မိလို့လဲ။

သနားလိုက်တာ သမီးလေးရယ်။ တကယ်စိတ်မကောင်း ပါဘူး။

သမီးလာလည်တော့လည်းဘာမှဂုဏ်မပြုလိုက်ရဘဲ သမီးပေးတဲ့ ပန်းစည်းလေးကိုတောင်ကိုယ်ကကန်တော့ခံလိုက်တာကိုယ့်ကိုယ်ကိုယ်တောင်စိတ်မလုံဘူး။

ဘာပဲ ဖြစ်ဖြစ်သမီးလေးက TTCက ဆရာ၊ ဆရာမတွေရဲ့ သမီးလေးမောင်ချိုပါ။ နိုင်တာ ရှုံးတာ အဓိကမဟုတ်ပါ။

ယှဉ်ပြိုင်ခြင်းသည်သာ အဓိကပါ။ ဒါကြောင့်ဘယ်တော့မှ အရှုံးမပေးပါနဲ Fighting”ဟုရေးသားထားခြင်းဖြစ်သည်။

ရန်ကုန် TTCမူလတန်း ကျောင်းသားမိဘများဆုံစည်းရာ ဖေစ့်ဘွတ်ခ်စာမျက်နှာ တွင်ဩဂုတ် ၆ ရက်ကWe Loveချမ်းမြေ့မောင်ချိုCampaignကို TTC ကျောင်း၌ လာရောက်ပြုလုပ်ကြောင်း ဖော်ပြခဲ့ရာ ကျောင်းနှင့် အိုင်ဒေါသက်ဆိုင်မှု မရှိကြောင်း၊ ယင်းကဲ့သို့ လာရောက်ဆောင်ရွက်မှုကို ကျောင်းသားများ စာသင်ချိန်ဖျက်၊ တန်ဖိုးရှိသည့် အချိန်တွေ အလဟဿဖြုန်းစေသည့်အစီအစဉ်တစ်ခုအဖြစ် ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ကျောင်းချိန်ဖျက် ကျင်းပခွင့်ပေးသည့် တာဝန်ရှိသူများကို အပြင်းအထန်ရှုတ်ချကြောင်းစသည်စသည်ဖြင့်ကျောင်းသားမိဘများအကြားဝေဖန်မှုအမျိုးမျိုးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မအနေနဲ့ကတော့ ဒါက ကျောင်းနဲ့အိုင်ဒေါနဲ့က တခြားစီပဲလို့ မြင်ပါတယ်”ဟု TTCမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်စန္ဒာကစံတော်ချိန်သို့ပြောဆိုသည်။

“ကိုယ်က ပန်းစည်းပေးရမှာကို သူကပန်းစည်းပေးပြီး လာကန်တော့ရှာတဲ့ သမီးလေးမောင်ချိုလူမဆန်တဲ့ သူတွေရဲ့ ရက်စက်တဲ့စကားတွေကိုကြားပြီး ဆေးရုံရောက်သွားရတာကိုတကယ်စိတ်မကောင်းပါ။ သားသမီးချင်းကိုယ်ချင်းစာမိပါတယ်။

သမီးလေး အမြန်ဆုံးနေကောင်းပါစေ။

သမီးလေးကို ပန်းစည်းလက်ဆောင်ပြန်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်”ဟု

ဆရာမကြီးဒေါက်တာမိုးသူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။

ဝေဖန်မှုများမြင့်တက်လာပြီး နောက်ပိုင်းတွင် ရန်ကုန် TTCမူလတန်း ကျောင်းသားမိဘများ ဆုံစည်းရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဩဂုတ်၆ ရက်က We Love ချမ်းမြေ့မောင်ချိုCampaignကို TTC ကျောင်းတွင် လာရောက် ပြုလုပ်ကြောင်း ဖော်ပြခဲ့သည့်Post ကို ဩဂုတ် ၈ ရက်တွင် ပြန်ဖျက်သွားခဲ့ကြောင်း သိရသည်။

-Ads-
-Ads-