စီရိုနယ်ဒို ရီးရဲလ်မှ ထွက်ရန် ပြောဆိုမှု ရာမို့စ် အံ့ဩခဲ့ရ

ရီးရဲလ်ခံစစ်မှူး ရာမို့စ်က ပြီးခဲ့သည့် မေလက ယူကရိန်းတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ အနိုင်ရဗိုလ်စွဲပြီးနောက် ထိုပွဲအပြီးမှာပင် အသင်းတိုက်စစ်မှူး စီရိုနယ်ဒိုသည် ရီးရဲလ်မှထွက်ခွာရန် အသိပေးခဲ့ခြင်းကို ထိုစဉ်က အံ့ဩတကြီး ဖြစ်ခဲ့ရသည်ဟု ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ပေးပွဲ၌ပြောကြားသွားခဲ့သည်။

ထိုစဉ်က စီရိုနယ်ဒိုသည် ‘ရီးရဲလ်မှာကစားခဲ့ရတဲ့အချိန်တိုင်းကို နှစ်သက် ပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်တော့်အနာဂတ်အတွက် အသိပေးသွားမှာပါ’ဟု ပြောဆိုကာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်သို့ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

ရာမို့စ်က ‘စီရိုနယ်ဒိုအတွက် မိုက်ကရိုဖုန်းတွေပြင်ပေးအပြီးမှာ သူဒီလို ပြောလိုက်တော့ အားလုံးအံ့ဩသွားရတယ်။ သူက သူလုပ်ချင်ရာကို လုပ်သွားတာပါပဲ’ဟု ပြောသွားခဲ့သည်။

-Ads-
-Ads-
-Ads-
-Ads-