ပေါ့ဂ်ဘာကို ဂျူဗင်တပ်သို့ ပြန်ကစားခိုင်းရန် ဒီဇင်ဘာလတွင် ရွိုင်အိုလာဆွေးနွေးမည်

မန်ယူတွင် နည်းပြမော်ရင်ဟိုနှင့် အဆင်မပြေဘဲ ခြေစွမ်းကောင်းလည်း ပြသနိုင်ခြင်းမရှိသည့်အတွက် ပေါ့ဂ်ဘာကို အသင်းဟောင်းဂျူဗင်တပ်ထံသို့ ပြန်လည်ပြောင်းရွှေ့ကစားခိုင်းရန် ၎င်း၏ အေးဂျင့် ရွိုင်အိုလာသည် ဒီဇင်ဘာလအတွင်း ဂျူဗင် တပ်အသင်းအကြီးအကဲများနှင့် သွားရောက်ဆွေး နွေးမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပေါ့ဂ်ဘာသည် မိမိအနာဂတ်မှာ မန်ယူမှ ထွက်ခွာ သည့်အဖြစ်မျိုးလည်း ကြုံလာနိုင်ကြောင်း ပြောသွားခဲ့သဖြင့် သတင်းများတွင် ဘာစီလိုနာအသင်းသို့ ပေါ့ဂ်ဘာပြောင်းရွှေ့လိုနေသည်ဟု ဖော်ပြခဲ့ကြသည်။

သို့သော် အီတလီ Tuttosport သတင်းစာမှ ရွိုင်အိုလာသည် ပေါ့ဂ်ဘာအရေးနှင့် မိမိလက်အောက်ရှိ ကစားသမားတစ်ဦးဖြစ်သော မွိုက်စီကိန်းတို့ကို ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကစားခိုင်းရေးအတွက် ဆွေးနွေးခွင့်တောင်းဆိုခဲ့ရာ ဂျူဗင်တပ်အသင်းဘက်မှ လက်ခံလိုက်ကြောင်း ဖော်ပြခဲ့သဖြင့် ပေါ့ဂ်ဘာမှာ ဂျူဗင်တပ်အသင်းသို့ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်၌ ပြန်လည်ပြောင်းရွှေ့သွားဖွယ်ရှိနေသည်။

ဘရိုက်တန်ကို မန်ယူအသင်း ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် မိမိ၏မန်ယူ အသင်းကစားသမားဘ၀အလားအလာမှာ မကောင်းသဖြင့် အသင်းပြောင်းလို ကြောင်း အသင်းဖော်များကို ပြောခဲ့သည့် ပေါ့ဂ်ဘာက ပြီးခဲ့သည့်ရက်ပိုင်းကလည်း ‘လက်ရှိ ကျွန်တော်ဟာ မန်ယူကစားသမားပါ။ စာချုပ်လည်းရှိနေတယ်။ လက်ရှိမှာဒီအသင်းအတွက် ကစားပေးနေတယ်ဆိုပေမယ့် လအနည်းငယ်ကြာရင် ဘာတွေဖြစ်မလဲဆိုတာတော့ ကိုယ်လည်းကြိုမသိနိုင်ဘူး’ဟု ပြောသွားခဲ့သည်။

-Ads-
-Ads-
-Ads-
-Ads-