ချစ်သူမှ သမီးဦးလေးမွေးဖွားခြင်းကြောင့် လီရွိုင်းဆာနေး ဂျာမနီအသင်းမှ နုတ်ထွက်

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမန်လက်ရွေးစင်အဖြစ်မှ ချန်လှပ်ခံခဲ့ရသော မန်စီးတီးတောင် ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးသည် ယခုနိုင်ငံတကာ ခြေစမ်း ပွဲရက်သတ္တပတ်တွင် လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး စက်တင်ဘာ ၆ ရက်က ပြင်သစ်နှင့် သရေကျသည့်ပွဲစဉ်၌ ဒုတိယပိုင်းတွင် လူစားဝင် ကစားခဲ့သော်လည်း ယခုပုဂ္ဂိုလ်ရေးကိစ္စကြောင့် နိုင်ငံ အသင်းမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သော ဆာနေး၏ ချစ်သူမိန်းကလေးသည် ရီယိုစတယ်လာ အမည်ပေးထားသည့် သမီးဦးလေးကို မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ဆာနေးသည် စက်တင်ဘာ ၇ ရက်တွင် နည်းပြဂျိုးချင်းလိုအား ခွင့်တောင်းပြီး ချစ်သူနှင့်သမီး ဦးလေးနှင့်အတူ နေထိုင်ခွင့်ပြုရန် တောင်းဆိုကာ ပြန်သွားခဲ့ခြင်းဖြစ်သည်။

ဆာနေး၏ဖခင် ဆူလေမန်ဆာနေးက ‘ကျွန်တော့်အတွက် မြေး လေးမွေးဖွားပေးခဲ့လို့ မိသားစုအတွင်းမှာ အရမ်းပျော်ရွှင် ရချိန်ဖြစ်ပါတယ်၊ မြေးမလေးနာမည်က ရီယိုစတယ်လာပါ’ဟုဆိုကာ အဆိုပါသတင်းကို အတည်ပြုခဲ့သည်။ ဆာနေး၏ ချစ်သူ ကန်ဒိုက်စ်ဘရွတ်ခ်သည် အမေရိကန် မော်ဒယ်တစ်ဦးဖြစ်ပြီး မန်ချက်စတာမြို့တွင် နေထိုင်နေသည်။

-Ads-
-Ads-
-Ads-
-Ads-