ဘွန်ဒက်စ်လီဂါ၏ အသက်အငယ်ဆုံးငါးဂိုးသွင်းနိုင်သူဂျိုဗစ်ဖြစ်လာ

အောက်တိုဘာ ၁၉ ရက် (သောကြာ) ညတွင် ယှဉ်ပြိုင်ကစားခဲ့သောဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဖရန့်ဖတ်သည် တန်းတက်ဒက်ဆယ်ဒေါ့ဖ်အသင်းကိုခုနှစ်ဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ရာ ထိုပွဲတွင် တစ်ဦးတည်း ငါးဂိုးသွင်းခဲ့သည့်ဆားဘီးယားလူငယ်တိုက်စစ်မှူး လူကာဂျိုဗစ်သည် ဘွန်ဒက်စ်လီဂါသမိုင်းတွင် တစ်ပွဲတည်းငါးဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးဘောလုံးသမားအဖြစ်စံချိန်သစ် တင်နိုင်ခဲ့သည်။

အဆိုပါနေ့တွင် ဂျာမန်ဘွန်ဒက်စ်လီဂါသမိုင်း၌ ပထမဆုံးအကြိမ်အဖြစ်တစ်လတာအကောင်းဆုံးကစားသမားဆုပေးအပ်ရာ ဒေါ့မွန်မှ မာကိုရူးစ် ဆွတ်ခူးခဲ့သော်လည်း သတင်းများတွင် မာကိုရူးစ်ထက် အသက် (၂၀) သာ ရှိသေးပြီးဘွန်ဒက်စ်လီဂါတွင် ယခုမှ သုံးပွဲသာ ပွဲထွက်ခွင့်ရခဲ့သည့်ကြားမှ ယခုရာသီ ခုနစ်ဂိုးသွင်းထားပြီး ဂိုးသွင်းဘုရင်စာရင်း ထိပ်ဆုံးရောက်လာသော လူကာဂျိုဗစ်အကြောင်းကိုသာ အဓိကဦးစားပေးဖော်ပြနေကြသည်။

ထိုပွဲအနိုင်ကြောင့်ဖရန့်ဖတ်သည် ဘိုင်ယန်အထက်နေရာကို တက်လှမ်းရပ်တည်နိုင်ခဲ့သည်။