ကူလီဘာလေကို မျောက်ကဲ့သို့ လှောင်ပြောင်ကြ၍ နောက်ဆို ကွင်းထဲမှ ထွက်သွားမည်ဟု အန်ဆယ်လော့တီဆို

ဒီဇင်ဘာ ၂၆ ရက်ညတွင် ယှဉ်ပြိုင်ကစားခဲ့သော အင်တာမီလန်နှင့်နာပိုလီတို့၏ စီးရီးအေပွဲစဉ်တွင် နာပိုလီ ခံစစ်မှူး ကူလီဘာလေကို အင်တာမီလန် ပရိသတ်များက တစ်ပွဲလုံးနီးပါး မျောက်သံများပေးပြီး လူမျိုးရေး၊ အသားရောင် ခွဲJခြားစော်ကားခြင်းကြောင့် နာပိုလီနည်းပြ အန်ဆယ်လော့တီက ပွဲကိုရပ်ဆိုင်းရန် ပွဲကစားနေချိန်အတွင်း သုံးချိန်တိုင် သွားရောက်တောင်းဆိုခဲ့ကြောင်းနှင့် နောက်ဆိုလျှင် မိမိတို့ဘာသာ ကစားသမားများကို ကွင်းအတွင်းမှ ထွက်သွားစေပြီး ဆက်လက်ကစားရန် ငြင်းဆန်သွားမည်ဟု ပြောသွားခဲ့သည်။

ကူလီဘာလေသည် ထိုပွဲတွင် လှောင်ပြောင်ထေ့ငေါ့သည့်ပုံဖြင့် လက်ခုပ်တီးခဲ့၍ ဒုတိယအဝါကတ်ထိကာ ထွက်ခဲ့ရပြီး အင်တာမီလန်က တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။ အင်တာမီလန်အသင်းသည် ပရိသတ်များကို ထိုသို့လှောင်ပြောင်စော်ကားခြင်းမပြုရန်နှင့် ထပ်ပြုလုပ်လျှင် ပွဲရပ်ဆိုင်းနိုင်သည်ဟု စပီကာဖြင့် ကြေညာခဲ့သော်လည်း ပွဲကို ဆက်ကစားခဲ့သည်။

-Ads-
-Ads-