အမျိုးသမီးသတင်းထောက်များအား ပစ်မှတ်ထား၍ လိင်ပိုင်းဆိုင်ရာပေးပို့မှု မီဒီယာကောင်စီသို့တိုင်ကြား

အမျိုးသမီးသတင်းထောက်များအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ Social Network ဖြစ်သော Messenger Box လိင်ပိုင်းဆိုင်ရာ ပြောဆိုမှု၊ အမျိုးသားတစ်ဦးအား ၎င်းလိင်အင်္ဂါကို ဓာတ်ပုံရိုက်ပေးပို့မှုများ မကြာခဏလုပ်ဆောင်နေသည့်အတွက် သတင်းထောက် အမျိုး သမီးများကိုယ်စား မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က မြန်မာသတင်းမီဒီယာ ကောင်စီသို့ အသိပေးတိုင်ကြားထားကြောင်း သိရ သည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းခန့်က Pyaephyo Thu အမည်ရှိ Facebook အကောင့် Messenger Box မှတစ်ဆင့် အမျိုး သမီးသတင်းထောက် ၁၀ ဦးထက်မနည်း အကောင့်များကို အမျိုးသမီးများ၏ ကာယိနြေ္ဒကို ထိခိုက်အောင်ပြုမူလုပ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် ယင်းကိစ္စအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အရေးယူဆောင်ရွက်ပေးနိုင်ရန် ဒီဇင်ဘာ ၂၈ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသမီးသတင်းသမားများ အဖွဲ့ဦးဆောင်သူ ဒေါ်သူဇာက ပြောဆိုသည်။

‘ဟုတ်ပါတယ်။ ကျွန်မတို့ မနေ့က သတင်းမီဒီယာကောင်စီကို တိုင်စာပို့လိုက်တာဖြစ်ပါတယ်။ ကျွန်မတို့ စုံစမ်းရသလောက် ခုနစ်ဦးရှိပါ တယ်။ အဲဒီထက်လည်း ပိုနိုင်ပါတယ်။ အဲဒါ ကြောင့် တိုင်ကြားရခြင်းဖြစ်ပါတယ်’ဟု ၎င်းက ပြောဆိုသည်။

-Ads-
-Ads-

၎င်းအနေဖြင့် ယင်းသို့ပေးပို့မှု အခြေအနေသည် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ယင်းအခြေအနေမတိုင်ခင် လပိုင်းခန့်ကလည်း သတင်းထောက်အမျိုးသမီး အကောင့်များကိုသာ ပေးပို့နေခဲ့ကြောင်း တိုင်ကြားစာအရ သိရသည်။ အမျိုးသမီးသတင်းထောက်များ အနေဖြင့်လည်း ယင်းအကောင့်အား ရီပို့စ်ထုခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယင်းအကောင့်မှာ ဖေ့စ်ဘွတ်ခ်မှ ဖယ်ရှားနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

‘ကျွန်မတို့က သူ့အကောင့်ထဲမှာ မီဒီယာ friend တွေရှိလို့ လက်ခံတာကို သူက ညစ်ညမ်း တဲ့ ပုံတွေပို့တာပါ။ ကျွန်မတို့ကတော့ ချက်ချင်း ဘလော့ထားပါတယ်။ ကျွန်မလိုပဲ အခြားသူတွေ လည်း အပို့ခံရပါတယ်’ဟု အဆိုပါ ညစ်ညမ်းပုံများ ပေးပို့ခြင်းခံခဲ့ရသည့် အမျိုးသမီးသတင်းထောက် တစ်ဦးက ပြောဆိုသည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များအရ တိုင်ကြားရန် အခက်အခဲရှိသော်လည်း သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာနှင့် သက်ဆိုင် သည့် နယ်ပယ်အားလုံးအတွက် ကြုံတွေ့နေရ သည့် ပြဿနာရပ်များအပေါ် ဦးဆောင်ဖြေရှင်း ပေးနေသည့် ကောင်စီဖြစ်သည်ဟုယုံကြည်သည့် အတွက် သတင်းထောက် အမျိုးသမီးများကြုံတွေ့ နေရသည့် ပြဿနာကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် မြန်မာသတင်းမီဒီ ယာကောင်စီအနေဖြင့် ယခုလို သတင်းထောက် အမျိုးသမီးများအပေါ် ပစ်မှတ်ထားလုပ်ဆောင်မှုများကို သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန် ခြင်း၊ ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် မြန်မာသတင်းမီဒီယာကောင်စီမှ ဦးဆောင်ကာ တွန်းအားပေး ဆောင်ရွက်ပေးရန် သတင်းထောက် အမျိုးသမီးများကိုယ်စား မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က တိုင်ကြားခြင်းဖြစ်ကြောင်း အဆိုပါ တိုင်ကြားစာတွင် ပါရှိသည်။

-Ads-
-Ads-