ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် နှစ် (၇၀) မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနေသည်ကို ဇန်န၀ါရီ ၄ရက် က တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် နှစ် ရာပြည့်စေတိယင်္ဂဏအထိမ်းအမှတ် တရားပွဲကျင်းပပြုလုပ်နေသည်ကို ဖေဖော်ဝါရီ၁၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
နိုင်ငံတောသမ္မတ တာဝန်အဖြစ် ဦးဝင်းမြင့်မှ လက်ခံရယူပြီးနောက် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမတွင် မတ် ၃၀ ရက်တွင် တွေ့ရစဉ်။ဓာတ်ပုံ – ကိုသာဗျော(စံတော်ချိန်)
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ် အနီးရှိ တိုက်ချီဒိုတို့ ရေကစားမဏ္ဍပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ဇနီးမောင်နှံတို့ ရေကစားနေကြသည်ကို သင်္ကြန်ကာလအတွင်းတွေ့ရစဉ်။ဓာတ်ပုံ – ကိုသာဗျော(စံတော်ချိိန်)
မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေး၊ စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရရေးတို့အတွက် တာမွေမြို့နယ် Ocean Center ရှေ့တွင် ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များမှ ဖမ်းဆီးနေသည်ကို မေ ၁၂ ရက်ညနေပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဇွန် ၃၀ရက် က One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ဟစဲဂါဝါတို့ ယှဉ်ပြိုင်ထိုးနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – ဖိုးသား(စံတော်ချိန်)
(၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြုရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးသွားခဲ့ရသူများအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဖယောင်းတိုင်မီးများထွန်းညှိ၇်ျ ပြုလုပ်နေသည်ကို သြဂုတ် ၈ရက်ညပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
မင်္ဂလာဒုံမြို့နယ်တရားရုံး၏ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇နှစ်စီအမိန့်ချမှတ်ခြင်းခံရသော ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား အမိန့်ချသည့်နေ့ဖြစ်သော စက်တင်ဘာ ၂ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
လက်ရှိအစိုးရလက်ထက်တွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း အမြင့်ဆုံးအရေးယူမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဟန်ထူးအပါခြောက်ဦးအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တွင် ပထမဆုံးအကြိမ်ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဖိုးသား (စံတော်ချိန်)
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် တာမွေမြို့နယ်မဲဆန္ဒနယ်မြေရှိ မဲရုံအမှတ်(၃)သို့ လာရောက်မဲပေးနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား နိုဝင်ဘာလ ၈ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်)
ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ဒလမြစ်ကူးတံတား ပန္နက်ရိုက်သည့်အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာသည်ကို ဒီဇင်ဘာ၂၄ရက်တွင်တွေ့ရစဉ်။ ဓာတ်ပုံ – ဖိုးသား (စံတော်ချိန်)
-Ads-
-Ads-