၂၀၁၈ ခုနှစ် နိုင်ငံတကာပုံရိပ် တစေ့တစောင်း (၃)

၂၀၁၈ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းချိန်တွင် ကုန်ဆုံးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတကာ သတင်းများအနက် ထူးခြားဖြစ်စဉ်တို့ကို ပြန်ပြောင်းစဉ်းစားလိုက်သည့်အခါ အစီအရီပေါ်လာသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးစေရန် ဂျပန် နိုင်ငံမှ မြို့နှစ်မြို့အပေါ် အမေရိကန်၏ အဏုမြူ ဗုံးနှစ်လုံးချခြင်းက များစွာအထောက်အကူ ပြု သဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး အရှေ့အုပ်စု နှင့် အနောက်အုပ်စုတို့၏ စစ်အေးတိုက်ပွဲကာလ တွင် ထုတ်မပြောသော်လည်း နျူကလီးယား လက်နက်များကို ဗြောင်တစ်မျိုး၊ ခိုးဝှက်၍တစ်ဖုံ ထုတ်လုပ်ရန်ကြိုးပမ်းလာသည်။ ထုတ်လုပ်လာ ကြသည်။

မျက်မှောက်ခေတ် နျူကလီးယား ခြိမ်းခြောက်မှု ပြုလာသည့် မြောက်ကိုရီးယားနှင့် အမေရိကန်၊ တောင်ကိုရီးယားတို့ ဆက်ဆံရေးကို ကြည့်ပါ။ မြောက်ကိုရီးယားနှင့် အမေရိကန်တို့ တစ်ဖက်နှင့်တစ်ဖက် ကြိမ်းမောင်းစွပ်စွဲ
ခြိမ်းခြောက်ကြသဖြင့် ရင်တမမဖြစ်ခဲ့ရသည်ကို သတိရမိသည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယခုနှစ် ဧပြီ ၂၇ ရက်က နယ်စပ် ဖြတ်ပြီး တောင်ကိုရီးယားသို့ရောက်လာသည်။ သို့ဖြင့် ၁၉၅၃ ခုနှစ် နောက်ပိုင်း ကင်ဂျုံအန်သည် တောင်ကိုရီးယားသို့ ပထမဆုံးရောက်လာသည့် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာသည်။

-Ads-
-Ads-
မြောက်ကိုရီးယားနိုင်ငံ ဒုံးပျံများ စမ်းသပ်နေစဉ်

မေ ၂၆ရက်တွင် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး နယ်စပ်တွင် ထပ်မံတွေ့ဆုံသည်။ အရေး ကြီးကိစ္စများ ဆွေးနွေးရာတွင် မြောက်ကိုရီးယား နှင့် အမေရိကန် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရေး ပါဝင်သည်။ သို့ဖြင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်တို့ စင်ကာပူနိုင်ငံ၌ ဇွန် ၁၂ ရက်က ပထမ အကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ဖန်တီး နိုင်ခဲ့သည်။ နှစ်ဦးတွေ့ဆုံရာ၌ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးတိကျ သည့် အစီအစဉ်များကို မဖော်ပြခဲ့ပေ။ မြောက် ကိုရီးယားအပေါ် နျူကလီးယား ခြိမ်းခြောက်မှုများ ကို အမေရိကန်က ဖယ်ရှားမပေးသရွေ့ မြောက် ကိုရီးယားကလည်း နျူကလီးယားလက်နက် များကို တစ်ဖက်သတ်စွန့်လွှတ်မည် မဟုတ် ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ကြေညာသည်။

မှန်ပါသည်။ ၎င်းတို့နှစ်နိုင်ငံ ပထမအကြိမ် ထိပ်သီးအစည်းအဝေး စင်ကာပူ၌ ကျင်းပပြီးစီး ခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည်ဟု မျှော်လင့်ရပါ၏။ သို့သော် စင်စစ်အားဖြင့် ယခုအထိ မည်သည့် နျူကလီးယားလက်နက်မျှ လက်ပြောင်း၊ လက်လွှဲ ခြင်းမရှိသေး။ မည်သည့်စစ်ဆေးရေးမှူးတစ်ဦး တစ်ယောက်မျှပင် မြောက်ကိုရီးယားက လက်ခံရ သည်မရှိ၊ မည်သည့်မြောက်ကိုရီးယား နျူကလီးယားစက်ရုံကိုမျှလည်း ဖျက်ဆီးပစ်ရသည်ဟူ၍ မကြားသိရသေးပေ။

တစ်ဖန် ၁၉၈၇ ခုနှစ်က အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ချုပ်ဆိုသည့် တာလတ် ပစ်နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘော တူညီချက် (အိုင်အင်န်အက်ဖ်)ကို ရုရှားက ချိုးဖောက်ကြောင်း ဒီဇင်ဘာ ပထမပတ်တွင်
စွပ်စွဲသည်။ စာချုပ်ကို ရုရှားချိုးဖောက်သည့် အတွက် စာချုပ်မှ နုတ်ထွက်မည်ဟု အမေရိကန် က ခြိမ်းခြောက်သည်။ နောက်တစ်ရက်တွင် အိုင် အင်န်အက်ဖ်က အမေရိကန်နုတ်ထွက်လျှင် ထိုဒုံးပျံများကို ရုရှားက ထုတ်လုပ်သွားမည်
ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က သတိပေးလိုက်သည်။

ယီမင်စစ်ပွဲကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေ

ထိုမျှမကသေး၊ ရုရှားနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် Avangard အသံထက် မြန်သည့် နျူထိပ်ဖူးတပ် ဒုံးပျံသစ်များကို ဖြန့်ကြက် မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ကြေညာသည်။

အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီ ပါသည့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်တို့၏ နျူကလီးယားစာချုပ် မှ နုတ်ထွက်ရန် ရည်ရွယ်ကြောင်း အမေရိကန် သမ္မတထရန့်က ၂၀၁၈ ခုနှစ် မေလ ပထမပတ်တွင် ထုတ်ဖော်ပြောဆိုသည်။ ဩဂုတ် ၇ ရက်တွင်မူ အီရန်၏ နျူကလီးယားပြဿနာကို အကြောင်း ပြ၍ အမေရိကန်နိုင်ငံက အီရန်ကို အရေးယူပိတ်ဆို့မှုများ ပြန်လည်ကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။

သမ္မတထရန့်သည် အမေရိကန်နိုင်ငံ၏ အစဉ်အလာ နိုင်ငံခြားရေးမူဝါဒမှ လမ်းခွဲထွက် သည်မှာ ဤကဏ္ဍတွင်သာမဟုတ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ၂၀၁၈ ခုနှစ် ဇွန် ၁၉ ရက်တွင် သမ္မတထရန့်က ကြေညာသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်မည်ဟု သမ္မတထရန့်က ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်တွင် ကြေညာခဲ့သည်။ ထိုစဉ်က အမေရိကန်၏ မဟာမိတ်များအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ဝိုင်းဝန်းကန့်ကွက်ကြသည်။ ၁၈၉ နိုင်ငံ သဘောတူလက်မှတ်ထိုးထားသည့် ပါရီသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းခြင်း၊ ပြင်ဆင်ခြင်းပြုရန် အခွင့်မရှိကြောင်း ပြင်သစ်၊ ဂျာမနီ၊ အီတလီ သုံးနိုင်ငံတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ သတိ ပေးလိုက်သည်။ (ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ရာတွင် တရုတ်ပြည် ပြီးလျှင် အမေရိကန်နိုင်ငံက ဒုတိယအများဆုံး ထုတ်လွှတ်သည့် နိုင်ငံ ဖြစ်သည်။)

ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေးကို ဩစတြေးလျအစိုးရက ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသည့် ကျောင်းသားများက နိုဝင်ဘာ ၃၀ ရက်တွင် ဆန္ဒပြတောင်းဆိုကြသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေး ညီလာခံကို ပိုလန်နိုင်ငံ ကာတိုဗီဆာမြို့ (Kအေသတငခန)တွင် ဒီဇင်ဘာလဆန်းတွင်ကျင်းပရာ လိပ်ခဲတည်းလည်း ကြုံတွေ့ပြီး နောက် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ပါရီသဘောတူချက် ကို အကောင်အထည်ဖော်ပေးမည့် စည်းမျဉ်းမူဘောင်များ အတွက် သဘောတူညီမှုရလိုက်သည်။

ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို အခံရဆုံး အသိုက်အဝန်း မှာ ဆင်းရဲသောနိုင်ငံများမှ ဆင်းရဲသားပြည်သူများသာ
ဖြစ်သည်။ အထိခိုက်ဆုံး ၁၀ နိုင်ငံမှာ မြန်မာ၊ ဟွန်ဒူးရပ်၊ ဟေတီ၊ ဖိလစ်ပိုင်၊ နီကာရာဂွါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွါတီမာလာနိုင်ငံတို့ဖြစ်သည်။

ဆီးရီးယားပြဿနာမှာ အရှေ့အလယ်ပိုင်းတွင် အမှိုက်ကစ ပြာသာဒ်မီးလောင်သည့် ကိစ္စဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လက နိုင်ငံတောင်ပိုင်း ဒါအဲမြို့၌ ဒီမိုကရေစီတက်ကြွသူများ ဆန္ဒပြရာတွင် လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပစ်၍ ဆန္ဒပြသူသုံး၊ လေးဦး သေဆုံးရခြင်းမှစတင်၍ မီးမွှေးပေးလိုက်သလိုဖြစ်သည်။ ဆန္ဒပြသူများ အင်အားတိုးပွားကာ လက်နက်ဆွဲကိုင်လျက် ပြည်တွင်းစစ် အဖြစ်သို့ မြင့်တက်သွားသည်။ ထိုအခါ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဝင်လာသည်။ ထို့အတူ အကြမ်းဖက် အိုင်အက်စ်စစ်သွေးကြွများလည်း နိုင်ငံပေါင်း ၈၆ နိုင်ငံမှ စုရုံး ရောက်ရှိလာကြသည်။ ပြည်သူများ စွန့်ခွာထွက်ပြေးမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်ပြဿနာ၊ ရိက္ခာပြဿနာ၊ လုံခြုံရေးပြဿနာများ တက်ကုန်သည်။ အင်အားကြီးနိုင်ငံများ ကလည်း ကူညီကြပါသည်။ ယခုအခါ ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ပြန်ခေါ်ရန် သမ္မတထရန့်က အမိန့်ထုတ်သည်။ ပြင်သစ်သမ္မတ မာခရို ဆိုင်းမဆင့်ဗုံမဆင့် ထရန့်၏ အစီအစဉ်ကို ဝေဖန်ပြောဆိုသည်။ ဆီးရီးယား၌ အိုင်အက်စ် စစ်သွေးကြွ အန္တရာယ်ပြီးငြိမ်းပြီလား။ ပြည်သူတို့ ရင်ဆိုင်နေရသည့် ပြဿနာများပြေလည်သွားပြီလား စသဖြင့် မေးခွန်းထုတ် စရာဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အသံထက်မြန်သည့် နျူထိပ်ဖူးတပ်ဒုံးပျံများ ရုရှားဖြန့်ကြက်တော့မည်

ယီမင်ပြည်တွင်းစစ်မှာလည်း ပြည်တွင်းနေ ဥစ္စာခွဲဝေမှု မညီမျှမှုကြောင့်ဟုဆိုသော်လည်း ယီမင်နိုင်ငံသည် ဒုတိယကမ္ဘာ စစ်ကြီးအပြီး နိုင်ငံရေးအယူအဆနှင့် လူမျိုးဘာသာတို့ကို အကြောင်းပြုပြီး နှစ်ခြမ်းကွဲရသော ပါကစ္စတန်၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျာမနီနိုင်ငံများကဲ့သို့ နှစ်ခြမ်းကွဲရသည့် နိုင်ငံဖြစ် သည်။ ထိုအခါ ထုံးစံအတိုင်း ပယောဂများဝင်လာသည်။

ကမ္ဘာ့ထိပ်သီးစီးပွားရေးအင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် အမေရိကန်နှင့် တရုတ်တို့၏ ၂၀၁၈ ခုနှစ်အတွင်းက ကုန်သွယ် ရေးစစ်ပွဲကို ပြေငြိမ်းစေရန် ၂၀၁၉ ခုနှစ် ဇန်နဝါ ရီလတွင် တွေ့ဆုံ ညှိနှိုင်းရန် စီစဉ်ထားကြောင်း သိရသည်။

ဤအတွင်း ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်က ဗြိတိန်နိုင်ငံ ပြည်သူ့ဆန္ဒခံယူပွဲရလဒ်အရ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်တွင် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂ(အီးယူ) မှ နုတ်ထွက်ရတော့မည် ဖြစ်ရာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ကြိုးပမ်းအားထုတ်လျက် ရှိသည်။ ထို့ပြင်၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားစွက်ဖက်ခြင်းရှိ၊ မရှိ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ ကိုင်တွယ်မှု၊ ဝါရှင်တန်ပို့စ် ပင်တိုင်ဆောင်းပါးရှင် ဆော်ဒီသတင်းစာဆရာ ဂျာမယ်ခါ ရှိုဂျီ တူရကီနိုင်ငံ အစ္စတန်ဘူ မြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံး၌ အောက်တိုဘာလက အသတ်ခံရမှု။ ဥရောပတိုက်နှင့် အမေရိကအလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာ။ နှစ်ပေါင်း ၄၀ အတွင်း
ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲ၌ ရောဘတ်မူဂါကီ ပထမဆုံး အကြိမ် မပါဝင်နိုင်မှု။ ဇူလိုင် ဒုတိယပတ်က ထိုင်းနိုင်ငံမြောက် ပိုင်း ရေဝိုင်းဂူအတွင်း ကျောင်းသား ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံး နည်းပြတို့ ၁၇ ရက်ကြာပိတ်မိစဉ် ထိုင်းရေတပ်နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ၏ အောင်မြင်စွာ ခေါ်ထုတ်နိုင် မှုစသည့် သတင်းများသည် ထူးခြား သတင်းများပင်ဖြစ်သည်။

ယခုအခါ ကမ္ဘာစစ်ကြီးမဖြစ်သည့်တိုင် နေရာတိုင်းလိုပင် ကန့်ကွက် ဆန္ဒပြမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ထွက်ပြေးတိမ်းရှောင်သေဆုံးမှုများ၊ ရာသီဥတု ဖောက်ပြန်မှု၏ ဆိုးကျိုးဒဏ် များ၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပဋိပက္ခ၏ ရိုက်ခတ်မှုများ၊ နယ်မြေချဲ့ထွင်မှု၊ လက်နက်အပြိုင်တပ်ဆင်မှု ဝိရောဓိလက္ခဏာများကို ကြုံတွေ့နေရသည်။

ထိုထိုသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင်လျှင် ခေတ်မမီတော့၍လော၊ သို့တည်းမဟုတ် နိုင်ငံအများ ကျင့်သုံးနေသည့် လစ်ဘရယ် ဒီမို ကရေစီ၏ ပျော့ကွက်များကို ဖြည့်စွမ်းမပေးနိုင်၍လော။ မေးခွန်း ထုတ်စရာဖြစ်တော့သည်။

-Ads-
-Ads-