ဦးဘိုဘိုဦးရဲ့ စကားနှင့်​ပတ်​သက်​ပြီး ပါတီရဲ့ အဆုံး အဖြတ်​ အတိုင်း ခံယူမယ်​လို့ ရန်​ကုန်​ မြို့​တော်​ဝန်​ ​ပြော

စမ်း​ချောင်းမြို့နယ်​အတွင်းမှာစည်​ပင်​သာယာ​ရေးရဲ့​ဆောင်​ရွက်​ချက်​​တွေနဲ့ပတ်​သက်​ပြီး ရန်​ကုန်​မြို့​တော်​ဂန်​ကို ပွဲတက်​​နေတဲ့ “ငဖြီး “လို့ စမ်း​ချောင်းမြို့နယ်​ပြည်​သူ့လွတ်​​တော်​ကိုယ်​စားလှယ်​ ဦးဘိုဘိုဦး ရဲ့​ပြောကြားချက်​ကို ပါတီရဲ့ အဆုံးအဖြတ်​ အတိုင်းသာ ခံယူမယ်​လို့ ရန်​ကုန်​မြို့​တော်​ဝန်​ဦး​မောင်​​မောင်​စိုးက စံ​တော်​ချိန်​သတင်းဌာနနဲ့ သီးသန့်​​တွေ့ဆုံရာ မှာ ​ပြောပါတယ်​။

သူ့အ​နေနဲ့ ရန်​ကုန်​မြို့​တော်​ အတွက်​ ကိုယ်​စွမ်းရှိသမျှ ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပြီး လူထုရဲ့ ချစ်​ခြင်း ​မေတ္တာကိုလိုချင်​တယ်​လို့သူက ​ပြောပါတယ်​။

သတင်း​ထောင်​ဇွဲမာန်​နဲ့​ကျော်​သက်​​အောင်​ တို့က ​မေးမြန်းရိုက်​ကူးထားပါတယ်​။