မော်ရင်ဟို မန်ယူအသင်းမှ ထုတ်ပယ်ခံရရန်ကိုယ်တိုင်ကြံစည်ခဲ့သည်ဟု ပေါလ်စခိုးပြော

မန်ယူ ဂန္ထ၀င်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက မော်ရင်ဟိုသည်မန်ယူနည်းပြအဖြစ်မှ ထုတ်ပယ်ခံရရန် ကိုယ်တိုင်ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု နော်ဝေရုပ်သံတစ်ခု၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။ ဒီဇင်ဘာလအတွင်းက မန်ယူအသင်းသည် ရလဒ်ဆိုးများကြောင့် မော်ရင်ဟိုကို ခန့်အပ်ပြီး နှစ်နှစ်ခွဲအကြာမှာပင် လျော်ကြေးပေါင် ၁၅ သန်းပေးပြီး ထုတ်ပယ်ခဲ့သည်။

မော်ရင်ဟိုအပေါ် ပုံမှန်ဝေဖန်နေကျဖြစ်သော ပေါလ်စခိုးက ”မော်ရင်ဟိုဟာမန်ယူမှာ ဆက်မနေချင်တော့တာလို့ ကျွန်တော်ထင်တယ်။ ဒီကနေ ထွက်သွားလို့ရအောင်ပြည့်စုံတဲ့လမ်းခင်းပြီး ထွက်သွားတာပါ။ သူ့သတင်းစာရှင်းလင်းပွဲ ပြောစကားတွေကစိတ်ပျက်ဖို့ကောင်းတယ်။ အနုတ်သဘောအရမ်းဆန်တယ်။ ရာသီမစခင်ကတည်းကအသင်းက ကစားသမားလေးတွေ လုံလောက်တဲ့ အရည်အသွေးမရှိဘူးလို့ ပြောတယ်။ဒါကြောင့်ကစားသမားတွေက သူ့အတွက် ကစားမပေးချင်ကြတော့ဘူး။ အသင်းခေါင်းဆောင် ဗလန်စီယာဆိုတာ ကမ္ဘာမှာအကောင်း ဆုံးလူသားဖြစ်ပြီး ဒီလိုလူမျိုးနဲ့ မော်ရင်ဟိုဘာ မှ ပြဿနာဖြစ်စရာမရှိနိုင်တဲ့အနေအထားမှာ သူတို့ ပြဿနာတက်တာကိုကြည့်ရင်မြင်နိုင်တယ်။ ကိုယ့်ကစားသမားတွေကို ကိုယ်ပြန်ဝေဖန်တာကိုက ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူး”ဟု ပြောသွားခဲ့သည်။