ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ပထမဆု တာမွေမြို့နယ်ဗိုလ်စွဲ

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားမြို့နယ် ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို မတ် ၄ ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲ ပထမဆု ကို တာမွေမြို့နယ်မှ ရရှိဗိုလ်စွဲခဲ့သည်။

ပြိုင်ပွဲတွင် အသင်းလိုက်ပြိုင်ပွဲ ပထမဆုကို တာမွေမြို့နယ်မှရရှိခဲ့ပြီး ဆုကြေးငွေကျပ် ငါးသိန်းနှင့် ဆုဖလား၊ ဒုတိယဆုကို မရမ်းကုန်းမြို့နယ်မှ ဆုကြေး ငွေကျပ် သုံးသိန်း၊ တတိယဆုကို မြောက် ဥက္ကလာပမြို့နယ်မှ ဆုကြေးငွေကျပ် နှစ်သိန်း ရရှိခဲ့သည်။

အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲ တွင် ပထမဆု ကျော်နေတိုး(တာမွေ) ဆုကြေးငွေကျပ် သုံးသိန်း၊ ဒုတိယဆု ဝင်းထွန်းဦး(မရမ်းကုန်း) ဆုကြေးငွေကျပ် နှစ် သိန်း၊ တတိယဆု ဝေဖြိုး (မြောက်ဥက္ကလာ) ဆုကြေးငွေကျပ် တစ်သိန်း၊ စတုတ္ထဆု ဇေယျာစိုး(ရွှေပြည်သာ) ဆုကြေးငွေကျပ် ကိုးသောင်း၊ ပဉ္စမဆု ပြည့်ဖြိုး အောင်(ဗဟန်း) ဆုကြေးငွေကျပ် ရှစ်သောင်း၊ ဆဋ္ဌမဆု မျိုးထွဋ်အောင်(တာမွေ)ဆုကြေးငွေကျပ် ခုနစ်သောင်း၊ သတ္တမဆု ရဲနိုင်ထွန်း(တာမွေ) ဆုကြေးငွေကျပ် ခြောက်သောင်း၊ အဋ္ဌမဆု အောင်ကျော်ဟိန်း(မြောက်ဥက္ကလာ)ဆုကြေးငွေကျပ် ငါးသောင်း ၊ န၀မဆု ကျော်စံနိုင်(သင်္ဃန်းကျွန်း)ဆုကြေးငွေ ကျပ် လေးသောင်း၊ ဒသမဆု သိန်းထွေး နိုင်(မရမ်းကုန်း) ဆုကြေးငွေကျပ် သုံး သောင်းရရှိခဲ့သည်။

အသက် (၂၅) နှစ်နှင့်အောက် လူငယ်ပြိုင်ပွဲတွင် ပထမဆု သုတဦး (ကြည့်မြင်တိုင်) ဆုကြေးငွေကျပ် တစ် သိန်း၊ ဒုတိယဆု မိုးဝင်းကျော်(သန်လျင်) ဆုကြေးငွေကျပ် ခုနစ်သောင်း၊ တတိယဆု အောင်ဇော်ဖြိုး(ဒဂုံ) ဆုကြေးငွေကျပ် ငါး သောင်းနှင့် အသက် ၂၀ နှင့်အောက် လူငယ်ပြိုင်ပွဲတွင် ပထမဆု မျိုးစည်သူ လွင်(မင်္ဂလာတောင်ညွန့်) ဆုကြေးငွေ ကျပ် တစ်သိန်း ၊ ဒုတိယဆု ကောင်းမြတ်(ကျောက်တံတား) ဆုကြေးငွေကျပ် ခုနစ် သောင်း၊ တတိယဆုကောင်းထက် (မရမ်းကုန်း) ဆုကြေးငွေကျပ် ငါးသောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဖလားမြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၄ရက်အထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၂ မြို့နယ်မှ ကစားသမား ၁၅၅ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။