ဝန်ထမ်းတွေ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ စည်ပင် ကော်မတီဝင်လောင်း ဦးမျိုးသော်ပြော

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာကောင်းမွန်တဲ့ ဥပဒေ ၊ နည်းဥပဒေတွေ ချမှတ်ထာေးပမဲ့ အဲဒီဥပဒေတွေကို လက်တလုံးခြားလုပ်နေတဲ့ ဝန်ထမ်းတွေကို ပြုပင်ပြောင်းလဲရေး လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမှတ် ၄ မဲဆန္ဒနယ်မှ ဦးမျိုးသော်က ပြောပါတယ်။

သူ့အနေနဲ့ ပြည်သူတွေကို မပေးနိုင်တဲ့ ကတိကိုပေးပြီး မဲဆွယ်မှာ မဟုတ်ဘဲ၊ ရန်ကုန်တိုင်းအတွင်းက လမ်းတံတား ပျက်စီးနေတာတွေ၊ စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်တာတွေကို စနစ်ကျစေဖို့နဲ့ ရေကြီးရေလျှံမှုတွေကို နည်းပါးအောင် လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။

သတင်းထောက် ကျော်သက်အောင်က ရိုက်ကူးထားပါတယ်။