မင်းသွေးပါဝင်သီဆိုထားသည့် ပထမသုံးတေးအယ်လ်ဘမ် မတ် ၁၀ ရက်တွင် စတင်ဖြန့်ချိမည်

ဓာတ်ပုံ - Min Thway's Facebook

မင်းသွေး၊ သားငယ်နှင့် ညီမင်းခိုင်တို့သုံးဦးပူးပေါင်း ဖန်တီးထားသည့် ပထမသုံးတေးအယ်လ်ဘမ်အခွေကို မတ်
၁၀ ရက်မှ စတင်၍ The Sun Music Production တစ်နိုင်ငံလုံး ဖြန့်ချိတော့မည်ဖြစ်သည်။

သရုပ်ဆောင် မင်းသွေးသီဆိုထားသည့် တေးသီချင်း နှစ်ပုဒ်ပါသည့် အဆိုပါပထမသုံးတေးအယ်လ်ဘမ်အခွေ
မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျောက်ကုန်းရှိ Country Home စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘ဒီအခွေလေးရဲ့ Title ကိုတော့ မင်းသွေးပဲပေးဖြစ်ခဲ့တာပါ။ Title ကို သူပေးတဲ့အချိန်မှာတော့ မကြိုက်လို့ဆိုပြီး ပြန်ပြောင်းမယ်ဆိုပြီးတော့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ကြားထဲမှာ သူဆုံးသွားတော့ သူပေးတဲ့ဟာလေးကိုပဲ အမှတ်တရအနေနဲ့ Title ထားဖြစ်ခဲ့တာပါ။ ဒီအခွေလေးထဲမှာတော့ အစုံပါပဲ။ အချစ်သီချင်း လေးတွေလည်းပါတယ်။ ရခိုင်ရိုးရာ သီချင်းလေး တစ်ပုဒ်ပါတယ်။ လောကဓံနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ လည်းပါတယ်။ အကြောင်းအရာကတော့ အစုံပါပဲ’ဟု တေးဆို ညီမင်းခိုင်က ပြောဆိုသည်။

-Ads-
-Ads-

အဆိုပါ တေးသီချင်းခွေတွင် တေးဆိုညီမင်းခိုင် ကိုယ်တိုင်ရေးသားထားသည့် တေးသီချင်း ခုနစ်ပုဒ်နှင့် တေးရေး ကိုဇော်ရေးသားထားသည့် တေးသီချင်းတစ်ပုဒ် စုစုပေါင်းတေးသီချင်းရှစ်ပုဒ်ပါဝင်ကြောင်း သိရသည်။

ကွယ်လွန်သူသရုပ်ဆောင် မင်းသွေး၏အစ်ကို သရုပ် ဆောင်နေတိုးကလည်း မင်းသွေး၏ဆန္ဒကို ဖြည့်ဆည်းသည့် အနေဖြင့် အဆိုပါအခွေထွက်ရှိနိုင်ရန် ကူညီပံ့ပိုးပေးထား ကြောင်း သိရသည်။

အခွေမှရရှိလာသည့် အကျိုးအမြတ်များကို မင်းသွေးအတွက် ရည်စူး၍ အလှူအတန်းများပြုလုပ်ရန် ရည်မှန်းထားကြောင်း သရုပ်ဆောင်နေတိုးက ပြောဆိုသည်။

-Ads-
-Ads-