AA လက်နက်ကိုင်အဖွဲ့က မြို့တွင်းနေအိမ်များပေါ်တွင် နေရာယူ၍ စစ်ကြောင်းများကို ပစ်ခတ်ခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်တပ်ဖွဲ့များကမြို့နေ နေအိမ်များပေါ်တွင် နေရာယူ၍ တပ်မတော် စစ်ကြောင်းများကို ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က မတ်လ ၁၉ ၇က်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

AA လက်နက်ကိုင်တပ်ဖွဲ့များက ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန်လာရောက်သဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည်ချီတက်လာရာ AA လက်နက်ကိုင်တပ်ဖွဲ့က မြောက်ဦးမြို့အ၀င်ရှိ မြို့နေ ပြည်သူလူထု၏ နေအိမ်များပေါ်မှ ည ၇ နာရီ ၃၅ မိနစ်မှစတင်၍ ၃၀ မိနစ်ကြာသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တပ်မတော်စစ်ကြောင်းများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် AA လက်နက်ကိုင်များက မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များကိုလည်း ရပ်ကွက်နေ ပြည်သူလူထု နေအိမ်များအား အကာအကွယ်ရယူကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သတင်း – လင်းခန့်

-Ads-
-Ads-
-Ads-
-Ads-