ထိန်ပင်အမှိုက်ပုံ ထပ်မံမီးလောင်မှုဖြစ်ပွား

ပြီးခဲ့သည့်နှစ်က လောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေစဉ်

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးငြှိမ်းသတ်မှုပြုလုပ်ခဲ့ရာ မွန်းလွဲ ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းမှုကို လှိုင်ယာသာမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းခွဲမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး တို့အပြင် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ Erssdo အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းခွဲမှ ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါထိန်ပင်အမှိုက်ပုံသည် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရက်အတော်ကြာငြှိမ်းသတ်ခဲ့ရသည်။

-Ads-
-Ads-

ဓာတ်ပုံ – ဂျေငြိမ်း

-Ads-
-Ads-