AA အဖွဲ့၏ သင်တန်းကျောင်းများနှင့် စခန်းများသိမ်းပိုက်ရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ဓာတ်ပုံ - cincds

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအနီး ပတ်ဝန်းကျင်တောင်ကြောများ ပေါ်တွင်ရှိသည့် AA အဖွဲ့၏ သင်တန်းကျောင်း စခန်းများကို သိမ်းပိုက်ရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – cincds

အဆိုပါသင်တန်းကျောင်းနှင့်စခန်းများအား တပ်မတော်က မတ်လ ၁၉ ရက်မှစတင်၍ အဆင့်ဆင့်ခြေကုပ်ယူချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး AA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီရန်သူ့လေ့ကျင့်ရေး သင်တန်းကျောင်း နေရာ ၁ ခုအား သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ဓာတ်ပုံ – cincds

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့နယ် လက္ကာကျေးရွာအား ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ၀င်ရောက်ရှာဖွေခဲ့ရာ AA အဖွဲ့ဝင် လပြည့်ဆိုသူ၏ နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများ အားလည်းကောင်း၊ လပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏ နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

-Ads-
-Ads-

သတင်း – ကိုကို
ဓာတ်ပုံ – cincds

-Ads-
-Ads-