မန္တလေးကျုံးရှေ့ လက်ပစ်ဗုံးကွဲဆိုသည့်​သတင်း မဟုတ်​မှန်​၊ မီးပန်းအားဝှေ့ရမ်းခဲ့ခြင်းသာဖြစ်​ဟု ရဲတပ်​ဖွဲ့ ထုတ်​ပြန်

ဓာတ်​ပုံ-မန္တ​လေးတိုင်းရဲတပ်​ဖွဲ့

ဖေ့ဘုတ်​စ်​လူမှုကွန်​ရက်​တွင်​ ပျံနှံ​နေ​သော မန္တလေးကျုံးရှေ့ လက်ပစ်ဗုံးကွဲဆိုသည့်​သတင်း မဟုတ်​မှန်​​ကြောင်း မန္တ​လေးတိုင်း​ဒေသကြီးရဲတပ်​ဖွဲ့ကယနေ့တွင်​ထုတ်​ပြန်​သည်​။

ဖြစ်​စဉ်​မှာ Nyein Chan account မှ “မန္တလေးကျုံးရှေ့ လက်ပစ်ဗုံးကွဲ၊ ရန်ကုန်- မကွေး-မုံရွာ-တောင်ငူ ကျန်မြို့ကြီးများသတိရှိပါ၊ သူတို့ကြေငြာထားတဲ့မြို့​တွေ”ဟု ​ဖော်​ပြလာသဖြင့် မန္တလေးမြို့ရှိ လက်ရှိတာဝန်ကျနေရာများသို့အတည်ပြုစုံစမ်းခဲ့​သည်​။

စုံစမ်းမှုအရ ယ​နေ့ နံနက်​ ၁၁နာရီခွဲခန့်​တွင်​ ချမ်းအေးသာစံမြို့နယ်​၊၂၆x၇၀ လမ်းမပေါ်ရှိ ပေါ်ဦး ရေကစားမဏ္ဍပ်ပေါ်မှ ရေကစားနေသူ မသဇင်မြင့်၊ ချမ်းမြသာစည်မြို့နယ်​သူမှ​ရေကစားစဉ်​ အွန်လိုင်းမှ တစ်ဆင့်ဝယ်ယူထားသော Color Smoke စာတမ်းပါ မီးခိုးရောင်၊ အရှည်(၆)လက်မခန့်၊ လုံးပတ်(၁)လက်မခန့်၊ ရောင်စုံ ကာလာအခိုးအငွေ့များ ထွက်သည့် မီးပန်းအား မဏ္ဍပ်ပေါ်တွင်လက်မှကိုင်၍ ဝှေ့ရမ်းခဲ့ခြင်းဖြစ်​သည်​။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်တာနက်လူမှုကွန်ယက်သတင်းဖော်ပြပါ ရှိမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့် မီးပန်းအားဝှေ့ရမ်းခဲ့သည့်အပေါ် ရေကစားသူများ အထိတ်တလန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ​ထုတ်​ပြန်​ထားသည်​။

သတင်း-မင်းဟိန်း/စံ​တော်​ချိန်
ဓာတ်​ပုံ-မန္တ​လေးတိုင်းရဲတပ်​ဖွဲ့

-Ads-
-Ads-