ချင်းတွင်းမြစ်အတွင်းစက်လှေနစ်မြုပ်မှု တစ်ဦးသေဆုံး၊ ရေနစ်ပျောက်ဆုံးသူရှိမရှိ ဆက်လက်ရှာဖွေနေ

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ယနေ့ နံနက် ၁၀ နာရီခွဲခန့်က လူဦးရေ(၄၀)ခန့် တင်ဆောင်လာသော ကူးတို့စက်လှေတစ်စင်း နစ်မြုပ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါစက်လှေသည် မုံရွာကမ်းဘက်မှ ညောင်ပင်ကြီးဇက်ဆိပ်သို့ကူးရာ လှေဝမ်းအတွင်းသို့ ရေ၀င်ရောက်ပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် နစ်မြုပ်ကူးတို့စက်လှေပေါ်ပါ နစ်မြုပ်သူ ၃၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရေနစ်မြုပ်သူ ခြောက်ဦးအနက် ငါးဦး(မစိုးရိမ်ရ)နှင့် သေဆုံးသူ အမျိုးသမီးတစ်ဦး ကို မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မြစ်အတွင်း ရေနစ်ပျောက်ဆုံးသူရှိ၊မရှိ ဆက်လက်ရှာဖွေလျက်ရှိ ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MFSD

-Ads-
-Ads-