အင်းလျားကန်ဘောင်တွင် အလှဆင်ထားသော ပုသိမ်ထီးများ ဖြုတ်ယူမှု ဝေဖန်မှုများမြင့်တက်နေ

ဓာတ်ပုံ- ပြည့်ဖြိုးနိုင်ဖေစ့်ဘွတ်

လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် အလှဆင်ထားသည့် အင်းလျားကန်ဘောင်မှ ပုသိမ်ထီးများကို သင်္ကြန်လည်ပတ်သူများက သင်္ကြန်အကြတ်နေ့တွင် ဖြုတ်ယူခဲ့ပြီးနောက်ပိုင်းလူမှုကွန်ရက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- ပြည့်ဖြိုးနိုင်ဖေစ့်ဘွတ်

သင်္ကြန်လည်ပတ်သူတစ်ဦးက အဆိုပါပုသိမ်ထီးများကို ဖြုတ်ယူခဲ့ပြီးနောက်ပိုင်း လူအများအပြားက ဝိုင်းဝန်းဖြုတ်ယူခဲ့ခြင်းဖြစ်ပြီး အလှဆင်ထားသည့် ပုသိမ်ထီးအားလုံနီးပါး ကုန်ဆုံးသွားခဲ့သည်ဟု သင်္ကြန်လည်ပတ်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ပြည့်ဖြိုးနိုင်ဖေစ့်ဘွတ်

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ဝမ်းနည်း စိတ်ပျက်ဖို့ကောင်း၊ မင်းအစား ငါ ရှက်ရွံ့မိ”ဆိုတာထက် ထီးတွေက တိုင်းဒေသကြီးအစိုးရက အစားပြန်တပ်၊ နောက်နေ့ ပြန်ပြီး လှပလာနိုင်ပါတယ်။ထီးယူသွားသူတွေကို ပုံတွေတင်ကြ၊ ရှယ်ကြဆိုတာနဲ့လည်း ဒီကိစ္စက ပြီးမသွားပါဘူး။
လူ့အဖွဲ့အစည်းရဲ့ အတွင်းက စိတ်ဓါတ်၊ အသိအမြင်၊ အတွေးအခေါ်တွေ၊ တစ်နည်းအားဖြင့် “မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တန်ဖိုး” ကို လှုပ်နှိုးလိုက်သလိုပါ။

ဓာတ်ပုံ- ပြည့်ဖြိုးနိုင်ဖေစ့်ဘွတ်

တွေ့ကြ မြင်ကြသူတွေ အားလုံးရဲ့ စိတ်ထဲမှာ အမြင်မတော်၊ မလုပ်သင့်တာ လို့ အားလုံးက ရှုမြင် ပြောဆို ဝေဖန် ရှုတ်ချနေကြတာတွေက အပြုသဘော လို့ သုံးသပ်နိုင်ပါတယ်။
ဒီဖြစ်စဉ်ကနေ “စိတ်ဓါတ်တော်လှန်ရေး” တစ်ရပ် အလိုအလျောက် ဖြစ်ပေါ်လာစေပြီး နောက်နောင် ဒီလို အဖြစ်မျိုး မရှိစေဖို့ မျှော်လင့်ရပါတယ်။ တန်ဖိုးထားနိုင်ကြပါစေ”ဟု သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ပုသိမ်ထီးများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီစဉ်ဖြင့်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ပြည့်ဖြိုးနိုင်ဖေစ့်ဘွတ်

-Ads-
-Ads-