တာချီလိတ်​သင်္ကြန်​သို့ လာ​ရောက်​လည်​ပတ်​​သော ​ယာဉ်​တစ်​စီး တိမ်း​မှောက်​၊ ၁ဦး​သေ၊ ၁၁ဦးဒဏ်​ရာ

ဓာတ်​ပုံ-တာ​လေမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန

တာချီလိတ်​သင်္ကြန်​သို့ လာ​ရောက်​လည်​ပတ်​​သော ​ခရီးသည်တင်​​ယာဉ်​တစ်​စီးသည် ယမန်​​နေ့ ဧပြီ၁၄ရက်​က ​​တာ​လေမြို့အထွက်​တွင်​ တိမ်း​မှောက်​ခဲ့ရာ ၁ဦး​သေဆုံးပြီး ၁၁ဦးဒဏ်​ရာရခဲ့​ကြောင်း တာ​လေမြို့မရဲစခန်းမှ သိရသည်​။

ဓာတ်​ပုံ-တာ​လေမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန

ဖြစ်​စဉ်​မှာ တာ​လေမြို့မှ ယာဉ်​​မောင်း စန်းဝင်း​မောင်းနှင်​လာ​သော ခရီးသည်​တင်​ယာဉ်​ 5L/— သည်​ တာ​လေမြို့မှ အထွက်​ နား​ယောင်း​ကျေးရွာအုပ်​စု၊ အုပ်​ချုပ်​​ရေးမှူးရုံး​ရှေ့အ​ရောက်​တွင်​ အရှိန်​မထိန်းနိုင်​ဘဲ လက်​ယာဘက်​သို့ တိမ်း​မှောက်​ခဲ့ခြင်းဖြစ်​သည်​။

ဓာတ်​ပုံ-တာ​လေမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန

အဆိုပါယာဉ်​​တိမ်း​မှောက်​မှု​ကြောင့်​ ယာဉ်​​ပေါ်ပါ ခရီးသည်​များအနက်​ ​ကျော်​စိန်​ဆိုသူမှာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးခဲ့သည်​။ ကျန်​ခရီးသည်​ ၁၁ဦးတွင်​လည်း ဒဏ်​ရာများ အသီးသီးရရှိခဲ့သည်​။

ယာဉ်​အား မဆင်​မခြင်​​မောင်းနှင်​သူ စန်းဝင်းကို တာ​လေမြို့မရဲစခန်းကရာဇသတ်​ကြီး ဥပ​ဒေ ပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄(က)အ​ရေးယူထား​ကြောင်း သိရသည်​။

သတင်း-မင်းဟိန်း/စံ​တော်​ချိန်
ဓာတ်​ပုံ-တာ​လေမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန

-Ads-
-Ads-