မြောက်ကိုရီးယားက လက်နက်သစ် တစ်မျိုးစမ်းသပ်

မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်း လက်နက်သစ် တစ်မျိုးကို ယမန်နေ့က စမ်းသပ်ခဲ့ကြောင်း ဘီဘီစီသတင်းကဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့ကြား ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးပြီးနောက် မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုကို ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအပေါ် ဖိအားပေးနိုင်ရန်အတွက်မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အလားတူ လက်နက်မျိုးစမ်းသပ်ခဲ့ဖူးသည်။

စမ်းသပ်ခဲ့သည့်လက်နက်သစ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လက်နက်သစ်တွင် အင်အားပြင်းထိပ်ဖူးတပ် ပစ်နိုင်ဖွယ်ရှိကြောင်းမြောက်ကိုရီးယား သတင်းဌာန (KCNA) ကဖော်ပြသည်။

လက်နက် စမ်းသပ်မှုကို ကင်ဂျုံအမ်ကိုယ်တိုင် ကြည့်ရှုခဲ့ပြီး အဆိုပါလက်နက်သစ်သည် မတူညီသော ပစ်မှတ်အမျိုးမျိုးကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း၊ လက်နက်စမ်းသပ်နိုင်မှုက မြောက်ကိုရီးယား၏ တိုက်ခိုက်ရေးအင်အားကို များစွာတိုးလာစေကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က ဆိုသည်။