ဧပြီ ၂၁ ရက် အီစတာတနင်္ဂနွေ တိုက်ခိုက်မှု သီရိလင်္ကာ၌ သေဆုံးသူ ၂၉၀ ဦး ရှိ

သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများနှင့် ဇိမ်ခံဟိုတယ်များကို
အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ပြီးနောက် သေဆုံးသူဦးရေမှာ ယခုအခါ ၂၉၀ အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လူ ၂၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ကြေညာသည်။ သို့သော် မည်သူမည်ဝါ တို့က ထိုသို့အကြမ်းဖက်တိုက်ခိုက်ခဲ့ သည် ကို ယခုတိုင် မသိရသေးပေ။

အကြမ်းဖက်မှုများအတွင်း လူ ၅၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ များတွင် နိုင်ငံခြားသားများ ဒါဇင်နှင့်ချီ ပါဝင်သည်ဆို၏။

-Ads-
-Ads-

သီရိလင်္ကာပြည်တွင်းစစ် ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးကတည်းက ဧပြီ ၂၁ ရက် အီစတာတနင်္ဂနွေနေ့ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုမှာ အသေအပျောက်အများဆုံး အကြမ်းဖက်မှုဖြစ်ပြီး တစ်နိုင်ငံလုံး ချောက်ချားခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းသို့ အကြမ်းဖက်တိုက်ခိုက်လာနိုင်သည်ဆိုသော သတင်းကိုရရှိကြောင်း၊ သို့ သော် သတင်းအတိုင်း အရေးယူဆောင် ရွက်ခြင်းမရှိဟု သီရိလင်္ကာဝန်ကြီးချုပ် ဝစ်ကရီမင်ဆင်ဂီက ဧပြီ ၂၁ ရက် နှောင်းပိုင်းတွင် ပြောဆိုသည်။

-Ads-
-Ads-