လုံခြုံရေးနှင့် ဒေသတွင်းကိစ္စရပ်များ ဆွေးနွေးရန် ပါကစ္စတန်ဝန်ကြီးချုပ် အီရန်သို့ရောက်ရှိ

ပါကစ္စတန်နိုင်ငံ၏ ဘလူချီစတန် ပြည်နယ်တွင်း သတ်ဖြတ်မှုကျူးလွန်သူ စစ်သွေးကြွများအား အရေးယူရန် ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံအား မေတ္တာရပ်ခံခဲ့ပြီး နောက်တစ်ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ် အင်ရန်ခန်းသည် လုံခြုံရေးနှင့် ဒေသအတွင်း ကိစ္စရပ်များဆွေးနွေးရန် အီရန်နိုင်ငံသို့ ဧပြီ ၂၁ ရက်က ရောက်ရှိလာကြောင်း နိုင်ငံပိုင် အီရန်ရုပ်မြင်သံကြားက ဖော်ပြသည်။

အီရန်နှင့် နယ်ချင်းဆက်စပ်နေသည့် ပြည်နယ်ရှိ ဘတ်စ်ကားများမှ ပြန်ပေးဆွဲသွားသည့် ခရီးသည် ၁၄ ဦး သေဆုံးခဲ့သည့် ဧပြီ ၁၈ရက်တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်သည်ဟု သူပုန်များကို ကိုယ်စားပြုသည့် ဘလူချီစတန်အုပ်စုက ကြေညာခဲ့သည်။

တိုက်ခိုက်သည့် မဟာမိတ်များ၏ သင်တန်းကျောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစခန်းများမှာ အီရန်နိုင်ငံ အတွင်း၌ရှိသည့်အတွက် ၎င်းတို့အား သုတ်သင်ရှင်းလင်းရန် အီရန်နိုင်ငံက တောင်းဆိုထားသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမိုဟာမက်ကွာရှီက ဧပြီ ၂၁ ရက်တွင် ပြောဆိုသည်။

-Ads-
-Ads-

သမ္မတ အင်ရန်ခန်းသည် လွန်ခဲ့သည့် ဩဂုတ်လတွင် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး အရှေ့မြောက်ဘက်ရှိ ရှီးယိုက်တို့၏မြို့တော် မက်ရှ်ဟက်တွင်လည်း ရပ်နားခဲ့သည်ဟု သိရသည်။

-Ads-
-Ads-