Grade -6 သင်ရိုးသစ်တွင် စာသင်ချိန်တိုးမည် အခြားအတန်းများနှင့် ကျောင်းဆင်းချိန် မတူနိုင်ဟုသိရ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အကောင်အထည်ဖော်သင်ကြားမည့် အလယ်တန်းအဆင့် Grade-6 သင်ရိုးသစ်တွင် စာသင်ချိန်တစ်ချိန် တိုးမည်ဖြစ်သည့်အတွက် အခြားအတန်းများနှင့် ကျောင်းဆင်းချိန် မတူနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းရှိ နှင်းဆီခန်းမ၌ ကျင်းပခဲ့သော ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် ADBEYEProject တို့ ပူးပေါင်းဆောင်ရွက်သည့် Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ဆွေးနွေးပွဲတွင်တက်ရောက်နေသော အခြေခံပညာဆရာ၊ ဆရာမများထံမှ ဧပြီ ၂၂ ရက်တွင် သိရသည်။

“စာသင်ချိန်ကတော့ အလယ်တန်းအဆင့် Grade-6 က သူ့အတန်းပဲ တိုးသွားမှာပေါ့။ လာမယ့်နှစ်တွေကျရင်သူ့ဘာသာသူမျှသွားမှာပေါ့။ တစ်နေ့ကို အရင်က စာသင်ချိန်က ခုနစ်ချိန်ရှိတာပေါ့။ အခုကတော့ စာသင်ချိန်က ရှစ်ချိန် ပြောင်းလဲမယ်။ အရင်က စာသင်ချိန်က ငါးနာရီပဲရှိမယ်။အခုကတော့ ခြောက် နာရီသင်ကြားမှာပေါ့။ သင်ကြားချိန်တိုးမယ်။ အာဆီယံနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ နိုင်ငံကစာသင်ချိန်နည်းပါးတယ်။ ကျောင်းဖွင့်ချိန် အနည်းဆုံး နိုင်ငံ ဖြစ်နေတဲ့အတွက် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ကဒီလိုဖြစ်ရမှာပေါ့}ဟု ပုသိမ်မြို့နယ် အထက(ခွဲ) ဘုရားကြီးကုန်းအလယ်တန်းကျောင်းအုပ်ကြီး ဦးကျော်လွင်က ပြောဆိုသည်။

-Ads-
-Ads-

အလယ်တန်းအဆင့် အခြားအတန်းများသည် စာသင်ချိန် ၄၅ မိနစ်စီ ခုနစ်ချိန်သင်ကြားရမည်ဖြစ်ပြီး Grade-6 သင်ရိုးသစ်သည် စာသင်ချိန် ၄၅ မိနစ်စီဖြင့် ရှစ်ချိန် သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

Grade-6 ကတော့ စာသင်ချိန် တွေက ပြောင်းသွားတယ်။ အရင်တုန်းက ဘယ်လိုဖြစ်လဲဆိုရင် အလယ်တန်းအဆင့် အတန်းတွေဆိုရင် တစ်နေ့ကို စာသင်ချိန် ၄၅မိနစ်ခုနစ်ချိန်ပေါ့။ အခု သင်ရိုးအသစ် က ၄၅မိနစ် ရှစ်ချိန် ပြောင်းသွားတယ်။ စာသင်ချိန်တစ်ချိန်တိုးသွားတယ်။ အဲဒီပြဿနာကို အတန်းထဲမှာ ဆွေးနွေးတဲ့အခါကျတော့ အခုပြောရရင်တခြားအလယ်တန်းအဆင့် အတန်းတွေကို အရင်လွှတ်ရမယ်။ Grade-6 တစ်တန်းက ရှစ်ချိန်ဖြစ်သွားတယ်။အားလုံးတူသွားတဲ့အချိန်ကျရင် Level တူသွားမယ်။ အခုလောလောဆယ်တော့ တစ်တန်းထဲ ကျန်ခဲ့တဲ့ ပုံစံရှိတယ်။ကျောင်းဆင်းချိန်မတူတော့ဘူးပေါ့”ဟု ပဲခူးတိုင်းဒေသကြီး(အရှေ့) က၀မြို့နယ် အလက ရစ်ကန်ဘူတာမှ အလယ်တန်း ကျောင်း အုပ်ကြီး ဆရာဦးအောင်ကျော်သူက ပြောဆိုသည်။

အလယ်တန်းအဆင့် Grade -6 သင်ရိုးသစ်တွင်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထ၀ီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊အနုပညာ(ပန်းချီ)နှင့် အနုပညာ (ဂီတ) စသည့် ဘာသာရပ်၁၀ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-