ဖားကန့်မှာ နွံကန်ပေါက်ကျ၊ သေဆုံးသူများပြားနိုင်

ဓာတ်ပုံ - စိန်မြင့်၊ သိန်းဇော်/ ဖားကန့်

ကျောက်စိမ်းနယ်မြေ ဖားကန့်မြို့နယ် အနောက်ပိုင်း ဗလခမှော်တွင် ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်က ကျောက်စိမ်းကျင်းနံရံပြိုကျပြီး နွံကန်ဟောင်းပေါက်ကျမှုကြောင့် အနည်းဆုံးလူ ၄၀ ထက်မနည်းသေဆုံးဖွယ်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – စိန်မြင့်၊ သိန်းဇော်/ ဖားကန့်

 

အဆိုပါမှော်သည် မြန်မာသူရနှင့် နဂါးကိုးကောင်ကုမ္မဏီတို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ကွက်ဖြစ်ပြီး နွံကန်ပေါက်ကျသည့်အချိန်တွင် ညဆိုင်းဆင်းနေသည့် ကုမ္ပဏီဝန်ထမ်းများရှိနေသည်ဟု သိရသည်။

ဓာတ်ပုံ – စိန်မြင့်၊ သိန်းဇော်/ ဖားကန့်

“အနည်းဆုံးလေးဆယ်ကျော်မယ်၊ ကားအစီးလေးဆယ်၊ မြေတူးစက်ကနှစ်ဆယ်ကျော်လောက်ရှိမယ်၊ တစ်စီးတစ်ယောက်နဲ့တွက်ရင်တောင် လူခြောက်ဆယ်ရှိမယ်၊ ရေမဆေးသမားတွေတော့မထိလောက်ဘူး၊ အဲဒီအချိန်က အလုပ်ချိန်ဆိုတော့ ၀န်ထမ်းလောက်ပဲရှိမယ်”ဟု အခင်းဖြစ်ပွားရာသို့ သွးရောက်ကြည့်ရှုခဲ့သည့် ဖားကန့်ဒေသခံ ကိုသိန်းဇော်က စံတော်ချိန်သို့ ပြောသည်။

ဓာတ်ပုံ – စိန်မြင့်၊ သိန်းဇော်/ ဖားကန့်

ပေါက်ကျခဲ့သည့် အဆိုပါနွံကန်က မြေစာဟောင်းများစွန့်ပစ်သည့်လုပ်ကွက်ဟောင်း နေရာဖြစ်ပြီး မြေစာနှင့်ရေများရောနှောသွားပြီး နွံကန်ကြီး ဖြစ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း – ကိုကို
ဓာတ်ပုံ – စိန်မြင့်၊ သိန်းဇော်/ ဖားကန့်

-Ads-
-Ads-