ARSA အဖွဲ့ ရဲတပ်ဖွဲ့ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်

ဓာတ်ပုံ - MOI

မောင်တောမြို့နယ် တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်း နယ်မြေရုံးသို့ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးကို ARSA အဖွဲ့က ဧပြီလ ၂၂ နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း နယ်မြေရုံးတို့မှ တပ်ဖွဲ့ဝင်အချို့အား မော်တော်ယာဉ်ဖြင့် တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ ပို့ဆောင်စဉ် မောင်တောမြို့နယ် နယ်မြေ(၄) ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံအရောက် နံနက် ၇ နာရီ မိနစ် ၄၀ ခန့် တွင် ARSA အဖွဲ့ နှစ်ဖွဲ့က လမ်း၏ ဝဲ/ယာ တောင်ကုန်းပေါ်မှ ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ ရိုက်သည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ဦးခေါင်းကြေမွပျက်စီးသွားခဲ့ကာ အဆိုပါနေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း ရှင်းလင်းနေကြောင်း သိရသည်။

သတင်း – ကိုကို
ဓာတ်ပုံ – MOI

-Ads-
-Ads-