မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သည့် ဂျပန်နိုင်ငံသားများပြဿနာ အပြည့်အဝပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတဒေါ်နယ်ထရန့်ကတိပြု

U.S. President Donald Trump and Japan's Prime Minister Shinzo Abe shake hands at the end of a news conference at Akasaka Palace in Tokyo, Japan, November 6, 2017. REUTERS/Jonathan Ernst - RC1D3859A400

မြောက်ကိုရီးယားက ပြန်ပေးဆွဲထားသည့် ဂျပန်နိုင်ငံသားများအရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံနှင့်အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကတိပြုလိုက်သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြောသည်။

ထို့ပြင် ကုန်သွယ်ရေးသဘောတူညီချက်အသစ်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ကိုလည်း အရှိန်အဟုန်မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဆို၏။ ရှင်ဇိုအဘေးနှင့် ဒေါ်နယ်ထရန့်တို့သည် အိမ်ဖြူတော်တွင် ဧပြီ ၂၆ ရက်က နှစ်နာရီနီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

၎င်းတို့နှစ်ဦးသည် မြောက်ကိုရီးယားပြဿနာများအပေါ် မည်သို့ ရှေ့ဆက်ရ မည်ဆိုသည်ကို အလေးအနက် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီးတွင် ရှင်ဇိုအဘေး က သတင်းထောက်များကို ပြောဆိုသည်။

-Ads-
-Ads-

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးတွင် တတ်ကြွသည့် အခန်းကဏ္ဍမှပါဝင်ရန် ဂျပန်နိုင်ငံက ဆုံးဖြတ်ထားကြောင်း ၎င်းကပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်တို့၏ ဒုတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရသည့်ပြဿနာနှင့်ပတ် သက်၍ဆွေးနွေးခဲ့သည့် အသေးစိတ်ရှင်းပြချက်များကို သိရှိခဲ့ရကြောင်း ရှင်ဇိုအဘေးက ပြောဆိုသည်။

နောက်တစ်ကြိမ်တွင် ကင်ဂျုံအန်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးရန် ၎င်း၏ အလှည့်ဖြစ်ကြောင်း ရှင်ဇိုအဘေးကပြောဆိုပြီး ဒေါ်နယ်ထရန့်ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြောင်း ပြောဆိုသည်။

-Ads-
-Ads-