ဘင်္ဂလားပင်လယ်အော်က ဖန်နီမုန်တိုင်း ၃၆ နာရီအတွင်း အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်မည်

ဓာတ်ပုံ - DMH

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် နောက်(၃၆) နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်လာမည်ဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အဆိုပါမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ ရွေ့လျားနေပြီး သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့ဘက် မိုင်(၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် မိုင် (၄၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၇၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ဆက်လက် ရွေ့ လျားပြီး၊ နောက်(၇၂)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု မိုးဇလဦးစီးဌာနက ခန့်မှန်းထားသည်။

-Ads-
-Ads-

လာမည့် ရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်ဟု သိရသည်။

သတင်း – ကိုကို
ဓာတ်ပုံ – DMH

-Ads-
-Ads-