ကွတ်ခိုင်မြို့နယ် ပန်ဂျလော့ကုန်းဆင်း ချောက်အတွင်း သရက်သီးတင်ယာဉ်ထိုးကျ၊ တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် ပန်ဂျလော့ကုန်းဆင်း ချောက်အတွင်း
သရက်သီးတင်ယာဉ်ထိုးကျ၊ တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး ပန်ဂျလော့ကုန်းဆင်းချောက်အတွင်း သရက်သီးတင်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ ထိုးကျခဲ့ရာမှ တစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရှိမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ကုန်းဆင်းမိုင်တိုင်အမှတ် ၂၅၃/၄ -၂၅၃/၅ ကြားတွင် မေ ၂၀ ရက် နံနက်ပိုင်းက မန္တလေးဘက်မှ တရုတ် ပြည်ဘက်သို့ တင်ပို့မည့်သရက်သီးများ တင်ဆောင်လာသော MDY-3F——ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ ခန့် နက်သော ချောက်အတွင်း ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-

‘မနက် ၆ နာရီကျော်လောက်မှာ ဖုန်းဆက်ပြီး အကူအညီတောင်းလာလို့ သွားလိုက်တာပါ။ တစ်ဦးကတော့ ဆုံး သွားတယ်။ တစ်ဦးက ဒဏ်ရာရလို့ မူဆယ် ဆေးရုံကို ပို့ပေးလိုက်ပါတယ်’ဟု မေတ္တာ ရှင်လူမှုကူညီရေးအသင်း (နမ့် ဖတ်ကာ)မှ ကိုတင်မောင်အေးက ပြောဆိုသည်။

ချောက်အတွင်း ထိုးကျသွားခြင်းကြောင့် ယာဉ်ပေါ်ပါသူ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာနေ ကိုအောင်ဖြိုးဝေ အသက် (၃၀) မှာ သေဆုံးခဲ့ရပြီး ကျန်တစ်ဦးမှာ လည်း မူဆယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော်လည်း သတိမရသေးကြောင်း သိရသည်။

‘အဲဒီကုန်းဆင်းမှာ အရမ်းသတိ ထားပြီးတော့ မောင်းရတယ်။ ဖြစ်လိုက် ရင်အသေပဲ။ သင်္ကြန်တုန်းကထင်တယ် အဲဒီနားမှာ တရားနာတာတွေလုပ်ဖြစ် သေးပါတယ်။ ပရဟိတအသင်းတွေ လုပ်တာပါ’ဟု မူဆယ်-လာရှိုး ကားလေး ယာဉ်မောင်း ကိုရဲကျော်အောင်က ပြောဆိုသည်။

ယာဉ်တိမ်းမှောက်ခြင်းကြောင့် ယာဉ်မောင်း အောင်ဖြိုးဝေကို နမ့်ဖတ် ကာ နယ်မြေ ရဲကင်းစခန်းက ယာဉ်(ပ) ၆/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ-၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

-Ads-
-Ads-