မြန်မာအလုပ်သမားသံအရာရှိကိစ္စ စိစစ်နေဆဲဖြစ်ဟုဆို

အလုပ်ခေါ်စာ စိစစ်ရာတွင် လာဘ်ငွေရယူသည်ဟုဆိုကာ ထိုင်းရှိ မြန်မာအလုပ်သမား သံအရာရှိတစ်ဦးကို ပြည်ပလုပ်သားပို့အေဂျင်စီများက လက် မှတ်ရေးထိုးတိုင်ကြားထားသည့်ကိစ္စအား စိစစ်နေဆဲဖြစ်ကြောင်း အမျိုးသားလွှတ် တော် ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောဆိုသည်။

‘တိုင်ထားတဲ့သူတွေကိုပဲ လော လောဆယ်စစ်ဆေးရသေးတယ်။ အတိုင်ခံရတဲ့သူကိုတော့ မစစ်ဆေးရသေးဘူး။ တိုင်ကြားသူတွေရဲ့တင်ပြချက်ပေါ့။ သူ တို့ရဲ့ အထောက်အထားတွေ၊ ပေးထား တယ်ဆိုတဲ့ကိစ္စတွေ၊ အစဉ်အဆက် သူ တို့ ပေးခဲ့တယ်ဆိုတဲ့ကိစ္စတွေကို ကော်မတီက တော့ စိစစ်နေတုန်းရှိပါသေးတယ်။ စိစစ် ပြီးမှပဲ ပြောလို့ရမယ်’ဟု ၎င်းကပြောဆိုသည်။

မေ ၂၀ရက် နံနက်၁၀နာရီက ပြု လုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး န၀မနေ့ခေတ္တနားချိန်တွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-

အဆိုပါတိုင်ကြားစာကို (၁၂) ကြိမ်မြောက် လွှတ်တော်ပထမပတ်အတွင်း လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး တိုင်ကြားသူများ အနက်မှ ကိုယ်စားပြုကိုယ်စားလှယ် ငါးဦးကို မေ ၁၅ရက်က ခေါ်ယူစစ်ဆေးကြားနာခဲ့ကြောင်း သိရသည်။

‘အဓိကကတော့ လုပ်ပိုင်ခွင့် တာဝန်ကို အလွဲသုံးစားလုပ်ပြီးတော့ လာဘ်ငွေရယူတယ်။ လာဘ်ငွေပေးလို့ ရှိရင် လုပ်ငန်းကမြန်တယ်။ မပေးရင်
လုပ်ငန်းက နှောင့်နှေးတယ်။ အဲဒါကို
အကြောင်းပြပြီးတိုင်တာပါ’ဟု ဦးကျော် ထွေးက ပြောဆိုသည်။
လက်ရှိတွင် ကော်မတီအနေဖြင့် တိုင်ကြားခံရသူ အလုပ်သမား သံအရာ ရှိအား ခေါ်ယူစစ်ဆေးရန် အစီအစဉ်မရှိ သေးကြောင်း ၎င်းကပြောဆိုသည်။

‘အတိုင်ခံရသူကိုတော့ ခေါ်ဖို့ လောလောဆယ်အစီအစဉ်မရှိ သေးဘူး။ ကျွန်တော်တို့ လွှတ်တော်ရဲ့သဘောက တော့ တိုင်ကြားတဲ့သူတွေအပေါ်မှာ မူတည်ပြီး လေ့လာတွေ့ရှိချက်ကို
လွှတ်တော်ဥက္ကဋ္ဌကြီးကို တင်ပြရတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးကနေ လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက် တာပေါ့။ သူကဆက်ပြီး ညွှန်ကြားတော့မှ ကျွန်တော်တို့က ဆက်လုပ်လို့ရတာပေါ့’ဟု ဦးကျော်ထွေးက ပြောဆိုသည်။

တိုင်ကြားသည့် အေဂျင်စီများ အနေဖြင့် အဆိုပါတိုင်ကြားစာကို နိုင်ငံ တော်သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်း၊ ပြည်ပအလုပ်သမား ဆိုင်ရာကော်မတီတို့ထံ တိုင်စာပေးပို့ခဲ့ ခြင်းဖြစ်ပြီး မေ ၁၅ ရက်တွင် လွှတ်တော် ကော်မတီက ခေါ်ယူကြားနာခဲ့ကာ မေ ၁၆ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

‘ဘာကြောင့် တိုင်ရလဲဆိုရင် ကျွန် တော်တို့ ရိုးရိုးသားသားနဲ့ လိုက်တဲ့သူတွေ က ဟိုးအရင်သံအရာရှိတွေ လက်ထက် တုန်းကဆိုရင် တစ်ပတ် သို့မဟုတ် နှစ်ပတ် အများဆုံးဆိုရကြတယ်။ အခုဟာတစ်လ နဲ့လည်းမကျ၊ နှစ်လနဲ့လည်းမကျဆိုတော့ လက်မှတ်ထိုးပေးတဲ့အေဂျင်စီတွေ၊ ပိုက်ဆံပေးတဲ့အေဂျင်စီတွေကိုအလုပ်ရှင်တွေက ပြောင်းပြီးတော့ အပ်လာတယ်။ ကျွန် တော်တို့နဲ့လုပ်နေတဲ့ အေဂျင်စီတွေ၊ နှစ် ပေါင်းများစွာလုပ်နေတဲ့ အေဂျင်စီတွေ၊ အလုပ်ရှင်တွေဆိုရင်လည်း မင်းတို့တွေ ဘယ်လောက် ကြာမလဲ။ ကျွန်တော်တို့မှာ ဖြေဖို့ရက်မရှိဘူး။ မရှိတဲ့အခါကျတော့ အနည်းဆုံး ၄၅ ရက် ကြာမယ်ဆိုတဲ့ အတွက် လက်မခံတော့ဘူး။ အဲဒီတော့ ၁၀ရက်အတွင်းမှာ ထိုးပေးနိုင်တဲ့အေဂျင် စီတွေနောက်ကို အကုန်ပါသွားကြတယ်။ အဲဒီတော့ လုပ်ငန်းရှင်တွေကို ကျွန်တော်တို့ဆုံးရှုံးသလိုဖြစ်သွားတယ်’ဟု Mono Horizon အေဂျင်စီတာဝန်ရှိသူ
ဦးချားလ်မျိုးသန့်က စံတော်ချိန်သို့ ပြောဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံတွင်တာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာအလုပ် သမားသံအရာရှိသည် ၂၀၁၇ ခုနှစ် နှစ် ကုန်ပိုင်းမှစ၍ တာဝန်ထမ်းဆောင်ခဲ့
ခြင်းဖြစ်ပြီး အေဂျင်စီများကတင်ပြသည့် အလုပ်ခေါ်စာ (Demand Letters)များ စိစစ်ရာတွင် အချိန်နှစ်လ၊ သုံးလခန့် ကြန့်ကြာနေခြင်း၊ ကြန့်ကြာခြင်းမရှိဘဲ စေလွှတ်ခွင့်ရရှိရန် အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀ မှ ဘတ် ၅၀၀ အထိ ပေးနေရကြောင်း ၎င်းကပြောဆိုသည်။

‘အဲဒီတော့ ရထားတဲ့ Demand တွေကိုငွေပိုပေးပြီး လုပ်သွားတဲ့အတွက် ကြောင့်လည်း အလုပ်သမားတွေက အခု လို ခုနစ်သိန်း၊ ရှစ်သိန်းတို့၊ ၁၀သိန်းတို့ဆိုတဲ့အဖြစ်တွေ ရောက်ကုန်တယ်။ ဒီပိုက်ဆံ တွေကအေဂျင်စီတွေက စိုက်တဲ့ပိုက်ဆံ တွေ မဟုတ်ဘူး။ အလုပ်သမားတွေဆီကပြန်တောင်းယူရတဲ့ပိုက်ဆံတွေ ဖြစ်တဲ့ အတွက် အလုပ်သမားတွေ နစ်နာတာပေါ့။ နိုင်ငံတော်အတွက်ကလည်း ဒီ
ပိုက်ဆံတွေက နိုင်ငံတော်ထဲကို မစီးဆင်းတဲ့အတွက် ဆုံးရှုံးနစ်နာမှုဖြစ်တယ်’ဟု ဦးချားလ်မျိုးသန့်က ပြောဆိုသည်။

-Ads-
-Ads-