ဩစတြီးယားတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်နေချိန် ဖရီးဒမ်းပါတီဝန်ကြီးများအားလုံး ရာထူးမှနုတ်ထွက်

ဩစတြီးယားလက်ယာစွန်းဖရီး ဒမ်းပါတီ(အက်ဖ်ပီအို)မှ ဝန်ကြီးများ အားလုံး ရာထူးမှ နုတ်ထွက်နေခြင်း ကြောင့် အစိုးရအဖွဲ့တွင် ဖရိုဖရဲဖြစ်သွားကြောင်း ဘီဘီစီက ထုတ်ပြန်သည်။

ဖရီးဒမ်းပါတီခေါင်းဆောင် ဟိန်း ခရစ်ရှန်စထရေ့ခ်ျသည် ဒုတိယဝန်ကြီး ချုပ်လည်းဖြစ်ပြီး ယခုသီတင်း ပတ်ကုန်က သံသယဖြစ်ဖွယ် ဗီဒီယိုဖိုင်တစ်ခုကြောင့် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရသည်။

မစ္စတာစထရေ့ခ်ျသည် ဗီဒီယို ဖိုင်အတွင်း ရုရှားအစိုးရအဖွဲ့ဝင်တစ်ဦး၏ တူမဖြစ်သည်ဟု ယူဆရသူတစ်ဦးနှင့် အစိုးရကန်ထရိုက်စာချုပ်များကို အဆိုပြု ကမ်းလှမ်းနေသည့်ဟန် တွေ့မြင်ရသည်။

-Ads-
-Ads-

ပြည်ထဲရေးဝန်ကြီး ဟားဘတ် ကစ်အား ရာထူးမှနုတ်ထွက်ရန် ဖိအား ပေးလာပါက အက်ဖ်ပီအိုဝန်ကြီးများအစု လိုက်အပြုံလိုက် နုတ်ထွက်မည်ဟု မေ ၂၀ ရက်အစောပိုင်းတွင် ခြိမ်းခြောက်ခဲ့ကြသည်။

ယခုသီတင်းပတ်ကုန်တွင် ဖြစ် ပေါ်ခဲ့သော ဗီဒီယိုဖိုင်ကိစ္စနှင့်ပတ်သက်၍ မစ္စတာကစ်ကို ရာထူးမှထုတ်ပယ်မည် ဟုဝန်ကြီးချုပ်ဆီးဘတ်ရှင်းကုဇ်က ပြော ကြားထားပြီး ယင်းသို့လူထုအုံကြွမှုဖြစ်စေ သည့်အတွက် ပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သော ၎င်းအနေဖြင့် တာဝန်ယူသင့်သည်ဟုလည်း ပြောကြားထားသည်။

-Ads-
-Ads-