ရုရှားဆန္ဒပြပွဲ ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်

ရုရှားနိုင်ငံတွင်၂၀၁၁ ခုနှစ်နောက်ပိုင်း မော်စကိုမြို့၏ အကြီးမားဆုံး အတိုက်အခံဆန္ဒပြပွဲသို့ လူပေါင်း ထောင်သောင်းချီကာ တက်ရောက်ခဲ့ကြောင်း အလွတ်စောင့်ကြည့်လေ့လာသူများက ပြောသည်။

မျှတသော ရွေးကောက်ပွဲများကျင်းပရေး တောင်းဆိုရန် မိုးရေထဲ၌ စုဝေးခဲ့သော လူဦးရေသည် ၆၀၀၀၀ ထိရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းဆန္ဒပြပွဲသည် တရားဝင်ခွင့်ပြုချက်ရထားသော်လည်း ဆန္ဒပြသူများသည် မော်စကိုမြို့အနှံ့ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ခွင့်ပြုချက်မရှိသော လူထုဖမ်းဆီးခံရသည်။ ဆန္ဒပြသူအများစုသည် မြို့လယ်ကောင်ရှိ သမ္မတ ဗလာဒီမာပူတင်၏ ရုံးခန်းအပြင်ဘက်တွင် စုဝေးခဲ့ကြခြင်းဖြစ်သည်။

-Ads-
-Ads-

ပြီးခဲ့သော သီတင်းနှစ်ပတ်ခန့်က ပြုလုပ်ခဲ့သည့် ခွင့်ပြုချက်မရှိသော လူထုစုရုံးလှုပ်ရှားမှုတွင် လူပေါင်းရာနှင့်ချီကာ ထိန်းသိမ်းခံခဲ့ရသည်။ ယခုဆန္ဒပြပွဲမှာ တစ်လအတွင်း ပဉ္စမအကြိမ်ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်သည်။

မော်စကို မြို့သူ၊ မြို့သား အများစုသည် စက်တင်ဘာလတွင်ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲ၌ အတိုက်အခံ ကိုယ်စားလှယ်လောင်းများ ပါဝင်ခွင့်မရသည်ကို စိတ်မချမ်းမသာဖြစ်နေခြင်းဖြစ်သော်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း ရဲတပ်ဖွဲ့၏ ရက်စက်စွာ နှိမ်နင်းမှုကြောင့် ဖြစ်ပေါ်လာမှုများအပြီး ဒေါသများပိုတိုးလာခြင်းဖြစ်သည်။

-Ads-
-Ads-