(၁၃) နှစ်မပြည့်မီအထိ ပီပီသည် ဂိုးသမားအဖြစ် ကစားခဲ့သူဖြစ်

အာဆင်နယ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် လိုင်လီအသင်းထံမှ ခေါ်ယူခဲ့သည့် အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား နီကိုးလပ်စ်ပီပီသည် ယမန်နှစ်ကရာသီတွင် လိုင်လီအတွက် ၂၂ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်သော်လည်း အသက် (၁၃) နှစ်မတိုင်မီအထိ ဂိုးသမားအဖြစ်သာ ဘောလုံးကစားခဲ့သူဖြစ်ကြောင်း ငယ်စဉ်က ကစားခဲ့သည့် ပဲရစ်မြို့ရှိအပျော်တမ်းအသင်းလေးဖြစ်သော ဆိုလီတိုင်ရက်စ် နည်းပြမိုဟာမက်ဒူက ဖွင့်ပြောသွားခဲ့သည်။

ဒီဂီယာ၊ ကော်တွိုက်စ်နှင့် လီဗာပူးဂိုးသမားသစ် အေဒရီယန်တို့သည် ကွင်းအတွင်းကစားရသော ကစားသမားများအဖြစ် ကစားသမားဘ၀စတင်ပြီးမှ ဂိုးသမားများဖြစ်လာသော်လည်း ပီပီသည် ဂိုးသမားအဖြစ် ကစားခဲ့ပြီး (၁၃) နှစ်မတိုင်မီ ပီအက်စ်ဂျီဂိုးသမားရာထူးအတွက် လျှောက်ထားခဲ့ရာ လူကောင်းသေး၍ ငြင်းပယ်ခံခဲ့ရဖူးကာ (၁၃) နှစ်ကျော်မှ တောင်ပံကစားသမားဖြစ်လာခြင်း ဖြစ်သည်။ မိုဟာမက်ဒူက ‘ပီပီဟာ ယူ-၁၃ ပြိုင်ပွဲတစ်ခုမှာ အကောင်းဆုံးကစားသမားဆုရော၊ အကောင်းဆုံး ဂိုးသမားဆုပါရခဲ့တယ်။ အသင်းရှုံးနေရင် ရှေ့တက်ကစားတယ်။ သင်စရာကြားခံနယ်ပယ်မလိုဘဲ ရှေ့တက် ကစားတော့လည်း အံ့မခန်းခြေစွမ်းပြနိုင်သူဖြစ်လို့ ဂန္ထဝင်တွင်သူဖြစ်လာမှာပါ’ဟု ပြောပြခဲ့သည်။