ဂျပန်သို့ မြန်မာ့ကျောက်မျက်ရတနာ ရွှေထည်အမျိုးအစား ၄၅၀ ခန့်တင်ပို့နေ

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေဖြင့် လက်ရှိတွင် Taw Win Myint Ruby Trading Co.,Ltd နှင့် ချိတ်ဆက်၍ မြန်မာ့ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

ဩဂုတ် ၇ ရက်က ပြုလုပ်သည့် YGEA အသင်း၏ အထူးအလုပ်အမှုဆောင် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘အဲဒီ ၄၅၀ က ပြည်တွင်းကနေ ဂျပန်ကိုပို့တာ။ လက်စွပ်လေးတွေ၊ နဂါးရုပ်လေးတွေ၊ ကျားရုပ်လေးတွေ၊ တရုတ်အယူအဆ ၊ ဂျပန်အယူအဆ မြန်မာမှာလည်းရှိပါတယ်။ ဂြိုဟ်ပြေနံပြေ ဝတ်တာလေးတွေ တင်ပို့နေတာပါ’ဟု ဦးမျိုးမြင့်က ပြောဆိုသည်။

-Ads-
-Ads-

ယင်းသို့ တင်ပို့ခြင်းကို ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဩဂုတ်လတွင် ဒုတိယအကြိမ် တင်ပို့ပြီးဖြစ်ကြောင်း ဦးမျိုးမြင့်ကပြောဆိုသည်။

သတင်း- စိုးစိုးစံ

-Ads-
-Ads-