မုန္တိုင္းအေရးေၾကာင့္ ေျမာက္ကိုရီးယားအစိုးရတာဝန္ရွိသူမ်ားအား ကင္ဂ်ဳံအန္ အေရးေပၚအစည္းအေဝးတြင္ ႀကိမ္းေမာင္းျပစ္တင္ခဲ့

ေျမာက္ကိုရီးယားႏိုင္ငံသည္ ႏိုင္ငံအတြင္း၌ အင္အားေကာင္းသည့္ တိုင္ဖြန္းမုန္တိုင္း စတင္တိုက္ခတ္ေနစဥ္တြင္ အစိုးရ တာဝန္ရွိသူမ်ားႏွင့္ အေရးေပၚအစည္းအေဝး တစ္ရပ္ျပဳလုပ္ခဲ့သည္။

တိုင္ဖြန္းမုန္တိုင္း လင္းလင္းေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံတြင္ ေနရာအႏွံ႔အျပား ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ၿပီး လူသုံးဦးထက္မနည္း ေသဆုံးကာ ေနအိမ္ေထာင္ေပါင္းမ်ားစြာ လၽွပ္စစ္ဓာတ္အား ျပတ္ေတာက္ခဲ့သည္။

အစာေရစာရွားပါးမႈ ဆိုးဆိုး႐ြား႐ြားျဖစ္ပြားေနသည့္ ေျမာက္ကိုရီးယားႏိုင္ငံရွိ ေကာက္ပဲသီးႏွံမ်ား မုန္တိုင္းေၾကာင့္ ပ်က္စီးသြားႏိုင္သည္ကို စိုးရိမ္မႈမ်ား ျဖစ္ေပၚေနသည္။ ယင္းကိစၥအေပၚကိုင္တြယ္ေဆာင္႐ြက္မႈ အားနည္းေသာ တာဝန္ရွိသူမ်ားကို ကင္ဂ်ဳံအန္က ႀကိမ္းေမာင္းျပစ္တင္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ ေကစီအင္န္ေအ သတင္းဌာနက ေဖာ္ျပသည္။

-Ads-
-Ads-

ဆည္ႏွင့္ ေရေလွာင္ကန္မ်ားအပါအဝင္ ေကာက္ပဲသီးႏွံမ်ားကို ကာကြယ္ေရးအတြက္ အဓိကသတိေပးခ်က္ကို ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ထားေၾကာင္း အဆိုပါသတင္းဌာနက ေဖာ္ျပသည္။

ေရႀကီးမႈျဖစ္ေပၚေနသည့္ ေဒသတြင္ ေနထိုင္သူမ်ားအား ေျပာင္းေ႐ႊ႕ေပးခဲ့ၿပီး ေစာင့္ၾကည့္သူမ်ားက တံတားမ်ားႏွင့္ အေဆာက္အအုံမ်ားကဲ့သို႔ေသာ အေျခခံအေဆာက္အအုံမ်ားကို ေစာင့္ၾကည့္ေနေၾကာင္း ေကစီအင္န္ေအ သတင္းဌာနကေဖာ္ျပသည္။

(Unicode ဖြင့်ဖတ်ရန်)

မုန်တိုင်းအရေးကြောင့် မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူများအား ကင်ဂျုံအန် အရေးပေါ်အစည်းအဝေးတွင် ကြိမ်းမောင်းပြစ်တင်ခဲ့

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွင်း၌ အင်အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း စတင်တိုက်ခတ်နေစဉ်တွင် အစိုးရ တာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း လင်းလင်းကြောင့် တောင်ကိုရီးယားနိုင်ငံတွင် နေရာအနှံ့အပြား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသုံးဦးထက်မနည်း သေဆုံးကာ နေအိမ်ထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

အစာရေစာရှားပါးမှု ဆိုးဆိုးရွားရွားဖြစ်ပွားနေသည့် မြောက်ကိုရီးယားနိုင်ငံရှိ ကောက်ပဲသီးနှံများ မုန်တိုင်းကြောင့် ပျက်စီးသွားနိုင်သည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။ ယင်းကိစ္စအပေါ်ကိုင်တွယ်ဆောင်ရွက်မှု အားနည်းသော တာဝန်ရှိသူများကို ကင်ဂျုံအန်က ကြိမ်းမောင်းပြစ်တင်ခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြသည်။

ဆည်နှင့် ရေလှောင်ကန်များအပါအဝင် ကောက်ပဲသီးနှံများကို ကာကွယ်ရေးအတွက် အဓိကသတိပေးချက်ကို မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားကြောင်း အဆိုပါသတင်းဌာနက ဖော်ပြသည်။

ရေကြီးမှုဖြစ်ပေါ်နေသည့် ဒေသတွင် နေထိုင်သူများအား ပြောင်းရွှေ့ပေးခဲ့ပြီး စောင့်ကြည့်သူများက တံတားများနှင့် အဆောက်အအုံများကဲ့သို့သော အခြေခံအဆောက်အအုံများကို စောင့်ကြည့်နေကြောင်း ကေစီအင်န်အေ သတင်းဌာနကဖော်ပြသည်။

-Ads-
-Ads-