ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ အေမရိကန္ႏွင့္ တူရကီ ပူးတြဲကင္းလွည့္

‌ကာ့ဒ္တို႔အုပ္ခ်ဳပ္သည့္ေဒသတြင္ ရန္လိုမႈမ်ားျဖစ္ပြားေနမႈကို တူရကီႏိုင္ငံက ဖိအားေပးလ်က္ရွိရာ ေဘးကင္းလုံၿခဳံေရးဇုန္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ တူရကီႏွင့္ အေမရိကန္တပ္ဖြဲ႕မ်ားသည္ ပထမဆုံးအႀကိမ္ ေျမျပင္ပူးတြဲကင္းလွည့္မႈကို ဆီးရီးယားႏိုင္ငံအေရွ႕ေျမာက္ပိုင္းတြင္ စက္တင္ဘာ ၈ ရက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ကီလိုမီတာ ၃၀ ထက္မနည္းက်ယ္ဝန္းသည့္ အဆိုပါၾကားခံဇုန္ေၾကာင့္ ဆီးရီးယားကာ့ဒ္တိုက္ခိုက္ေရးသမားမ်ားကို နယ္စပ္သို႔မခ်ဥ္းကပ္ႏိုင္ရန္ ထိန္းသိမ္းထားႏိုင္မည္ဟု တူရကီကေမၽွာ္လင့္ထားသည္။

ကာဒ့္စစ္ေသြးႂကြမ်ားသည္ တူရကီႏိုင္ငံအား ၿခိမ္းေျခာက္လ်က္ရွိသည္ဟု တူရကီက ယူဆထားေသာ္လည္း ၎တို႔သည္ စစ္ေသြးႂကြအုပ္စုမ်ားကို တိုက္ခိုက္ရာတြင္ အေမရိကန္၏ အဓိကမဟာမိတ္မ်ားျဖစ္ၾကသည္။

-Ads-
-Ads-

တူရကီတပ္ဖြဲ႕မ်ား ကာဒ့္အုပ္ခ်ဳပ္သည့္ေဒသအတြင္းေရာက္ရွိေနမႈမွာ နယ္စပ္တစ္ေလၽွာက္ျဖစ္ပြားေနသည့္ ပဋိပကၡ၏အဓိကတိုးတက္မႈတစ္ရပ္ပင္ျဖစ္သည္။ ေနတိုးမဟာမိတ္တူရကီႏွင့္ ေဒသတြင္း ဆီးရီးယား လုပ္ေဖာ္ကိုင္ဖက္ ကာ့ဒ္ဦးေဆာင္ေသာ တိုက္ခိုက္ေရးသမားအၾကား ျဖစ္ပြားေနသည့္ အၾကမ္းဖက္မႈကို ႀကိဳတင္ဟန္႔တားႏိုင္ရန္ လြန္ခဲ့သည့္ေလးႏွစ္မွစတင္၍ အေမရိကန္သည္ အဆုံးအျဖတ္ေပးသည့္ အခန္းက႑ကို ရယူထားေၾကာင္း သိရသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်နှင့် တူရကီ ပူးတွဲကင်းလှည့်

ကာ့ဒ်တို့အုပ်ချုပ်သည့်ဒေသတွင် ရန်လိုမှုများဖြစ်ပွားနေမှုကို တူရကီနိုင်ငံက ဖိအားပေးလျက်ရှိရာ ဘေးကင်းလုံခြုံရေးဇုန်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တူရကီနှင့် အမေရိကန်တပ်ဖွဲ့များသည် ပထမဆုံးအကြိမ် မြေပြင်ပူးတွဲကင်းလှည့်မှုကို ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကီလိုမီတာ ၃၀ ထက်မနည်းကျယ်ဝန်းသည့် အဆိုပါကြားခံဇုန်ကြောင့် ဆီးရီးယားကာ့ဒ်တိုက်ခိုက်ရေးသမားများကို နယ်စပ်သို့မချဉ်းကပ်နိုင်ရန် ထိန်းသိမ်းထားနိုင်မည်ဟု တူရကီကမျှော်လင့်ထားသည်။

ကာဒ့်စစ်သွေးကြွများသည် တူရကီနိုင်ငံအား ခြိမ်းခြောက်လျက်ရှိသည်ဟု တူရကီက ယူဆထားသော်လည်း ၎င်းတို့သည် စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရာတွင် အမေရိကန်၏ အဓိကမဟာမိတ်များဖြစ်ကြသည်။

တူရကီတပ်ဖွဲ့များ ကာဒ့်အုပ်ချုပ်သည့်ဒေသအတွင်းရောက်ရှိနေမှုမှာ နယ်စပ်တစ်လျှောက်ဖြစ်ပွားနေသည့် ပဋိပက္ခ၏အဓိကတိုးတက်မှုတစ်ရပ်ပင်ဖြစ်သည်။ နေတိုးမဟာမိတ်တူရကီနှင့် ဒေသတွင်း ဆီးရီးယား လုပ်ဖော်ကိုင်ဖက် ကာ့ဒ်ဦးဆောင်သော တိုက်ခိုက်ရေးသမားအကြား ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကို ကြိုတင်ဟန့်တားနိုင်ရန် လွန်ခဲ့သည့်လေးနှစ်မှစတင်၍ အမေရိကန်သည် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍကို ရယူထားကြောင်း သိရသည်။

-Ads-
-Ads-