ၿဗိတိန္ေလေၾကာင္းလိုင္းမွ ေလယာဥ္မွဴးမ်ား သပိတ္ေမွာက္၊ ခရီးစဥ္မ်ား ဖ်က္သိမ္းထားရ

ၿဗိတိန္ ေလေၾကာင္းလိုင္းမွ ေလယာဥ္မွဴးမ်ားသည္ လစာႏွင့္လုပ္ငန္းခြင္အေျခအေနမ်ားအေပၚ ဆက္လက္အျငင္းပြားေနၿပီး ႏွစ္ရက္ၾကာသပိတ္ကို စတင္လိုက္သည္။

ခရီးသည္ သိန္းေပါင္းမ်ားစြာကို ေလဆိပ္မ်ားသို႔ မသြားေရာက္ၾကရန္ ေျပာဆိုထားသည္။ အျခားေ႐ြးခ်ယ္စရာအစီအစဥ္မ်ားကို အမ်ားစုလုပ္ေဆာင္ထားၿပီးျဖစ္ေၾကာင္း ၿဗိတိန္ေလေၾကာင္းလိုင္းက ေျပာသည္။

ၿဗိတိန္ ေလေၾကာင္းလိုင္းႏွင့္ ေလယာဥ္မွဴးသမဂၢတို႔ ႏွစ္ဖက္စလုံးက ေနာက္ထပ္ေဆြးေႏြးပြဲမ်ား စတင္ရန္ ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။ မည္သို႔ပင္ျဖစ္ေစ စက္တင္ဘာ ၉ ရက္ႏွင့္ ၁၀ ရက္တို႔တြင္ ၿဗိတိန္မွပ်ံသန္းမည့္ ၿဗိတိန္ေလေၾကာင္းလိုင္းခရီးစဥ္မ်ားကို ဖ်က္သိမ္းခဲ့ရသည္။

-Ads-
-Ads-

သို႔ေသာ္ ေလယာဥ္မ်ားႏွင့္ ေလယာဥ္မွဴးမ်ားသည္ ခရီးစဥ္မတိုင္မီႏွင့္ ေနာက္ဆက္တြဲခရီးစဥ္မ်ားအတြက္ အဆင္သင့္ရွိရမည့္အေနအထားလိုအပ္ေသာေၾကာင့္ စက္တင္ဘာ ၈ ရက္ခရီးစဥ္မ်ားအေပၚ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားလည္း ရွိမည္ဆို၏။

ေလယာဥ္မွဴးမ်ား၏ သပိတ္ေမွာက္ျခင္းေၾကာင့္ ေလယာဥ္ခရီးစဥ္ဒါဇင္ေပါင္းမ်ားစြာ ဖ်က္သိမ္းခဲ့ရၿပီး ႏွစ္ရက္ၾကာ သပိတ္အၿပီး စက္တင္ဘာ ၁၁ ရက္တြင္လည္း ခရီးစဥ္မ်ားဖ်က္သိမ္းႏိုင္ျခင္းရွိ၊ မရွိ ရွင္းလင္းစြာမသိရေပ။

ယင္းမွာ ၿဗိတိန္ေလယာဥ္မွဴးမ်ား၏ ပထမဆုံးအႀကိမ္ သပိတ္ေမွာက္ျခင္းျဖစ္ၿပီး ထိုသို႔လုပ္ေဆာင္ျခင္းေၾကာင့္ ေလေၾကာင္းလိုင္းအေနျဖင့္ တစ္ရက္လၽွင္ ေပါင္သန္း ၄၀ ေက်ာ္အထိ နစ္နာဆုံး႐ႈံးသည္။ ေလယာဥ္မွဴး ၄၀၀၀ သပိတ္ေမွာက္ၾကမည္ျဖစ္ၿပီး ပ်ံသန္းရန္ စီစဥ္ထားသည့္ ေလယာဥ္ခရီးစဥ္ ၁၆၀၀ မွ အားလုံးနီးပါး ဖ်က္သိမ္းရမည္ျဖစ္သည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဗြိတိန်လေကြောင်းလိုင်းမှ လေယာဉ်မှူးများ သပိတ်မှောက်၊ ခရီးစဉ်များ ဖျက်သိမ်းထားရ

ဗြိတိန် လေကြောင်းလိုင်းမှ လေယာဉ်မှူးများသည် လစာနှင့်လုပ်ငန်းခွင်အခြေအနေများအပေါ် ဆက်လက်အငြင်းပွားနေပြီး နှစ်ရက်ကြာသပိတ်ကို စတင်လိုက်သည်။

ခရီးသည် သိန်းပေါင်းများစွာကို လေဆိပ်များသို့ မသွားရောက်ကြရန် ပြောဆိုထားသည်။ အခြားရွေးချယ်စရာအစီအစဉ်များကို အများစုလုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဗြိတိန်လေကြောင်းလိုင်းက ပြောသည်။

ဗြိတိန် လေကြောင်းလိုင်းနှင့် လေယာဉ်မှူးသမဂ္ဂတို့ နှစ်ဖက်စလုံးက နောက်ထပ်ဆွေးနွေးပွဲများ စတင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ မည်သို့ပင်ဖြစ်စေ စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဗြိတိန်မှပျံသန်းမည့် ဗြိတိန်လေကြောင်းလိုင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

သို့သော် လေယာဉ်များနှင့် လေယာဉ်မှူးများသည် ခရီးစဉ်မတိုင်မီနှင့် နောက်ဆက်တွဲခရီးစဉ်များအတွက် အဆင်သင့်ရှိရမည့်အနေအထားလိုအပ်သောကြောင့် စက်တင်ဘာ ၈ ရက်ခရီးစဉ်များအပေါ် နောက်ဆက်တွဲအကျိုးဆက်များလည်း ရှိမည်ဆို၏။

လေယာဉ်မှူးများ၏ သပိတ်မှောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ်ဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး နှစ်ရက်ကြာ သပိတ်အပြီး စက်တင်ဘာ ၁၁ ရက်တွင်လည်း ခရီးစဉ်များဖျက်သိမ်းနိုင်ခြင်းရှိ၊ မရှိ ရှင်းလင်းစွာမသိရပေ။

ယင်းမှာ ဗြိတိန်လေယာဉ်မှူးများ၏ ပထမဆုံးအကြိမ် သပိတ်မှောက်ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် လေကြောင်းလိုင်းအနေဖြင့် တစ်ရက်လျှင် ပေါင်သန်း ၄၀ ကျော်အထိ နစ်နာဆုံးရှုံးသည်။ လေယာဉ်မှူး ၄၀၀၀ သပိတ်မှောက်ကြမည်ဖြစ်ပြီး ပျံသန်းရန် စီစဉ်ထားသည့် လေယာဉ်ခရီးစဉ် ၁၆၀၀ မှ အားလုံးနီးပါး ဖျက်သိမ်းရမည်ဖြစ်သည်။

-Ads-
-Ads-