ေဟာင္ေကာင္ဆႏၵျပသူမ်ား သမၼတထရန္႔ထံ အကူအညီေတာင္းခံ

ေဟာင္ေကာင္ရွိ ဒီမိုကေရစီလိုလားေသာ ဆႏၵျပသူမ်ားသည္ ၿမိဳ႕တြင္းရွိ အေမရိကန္ ေကာင္စစ္ဝန္႐ုံးအနီး ခ်ီတက္လာခ်ိန္ သမၼတေဒၚနယ္ထရန္႔ထံ အကူအညီေပးရန္ ေမတၱာရပ္ခံလ်က္ရွိၾကသည္ဟု သိရသည္။

ဆႏၵျပသူအခ်ိဳ႕သည္ ‘သမၼတထရန္႔ ေက်းဇူးျပဳ၍ ေဟာင္ေကာင္ကို ကယ္တင္ေပးပါ၊ ေဟာင္ေကာင္ကို ျပန္လည္ႀကီးထြားလာေအာင္ လုပ္ေပးပါ’ဟု အဓိပၸာယ္ရေသာ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္လာၾကသည္ဟု သိရသည္။

ဆႏၵျပသူမ်ား၏ အဓိကေတာင္းဆိုခ်က္တစ္ရပ္ကို ေဟာင္ေကာင္ေခါင္းေဆာင္ပိုင္းက ေနာက္ဆုံးတြင္ လိုက္ေလ်ာေပးလိုက္ၿပီျဖစ္ေသာ္လည္း သီတင္း ၁၄ ပတ္ဆက္တိုက္ ၾကာျမင့္လာၿပီျဖစ္ေသာ ဆႏၵျပပြဲမ်ားမွာ ရပ္မသြားဘဲ ဆက္လက္ျဖစ္ေပၚလ်က္ရွိသည္။

-Ads-
-Ads-

အျခားေသာႏိုင္ငံမ်ားအေနျဖင့္ ေဟာင္ေကာင္အေရး ၾကားဝင္ဖ်န္ေျဖျခင္းမျပဳရန္ တ႐ုတ္အစိုးရက အခိုင္အမာသတိေပးထားၿပီးျဖစ္သည္။

၁၉၉၇ ခုႏွစ္တြင္ တ႐ုတ္အစိုးရထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ေသာ ၿဗိတိန္ကိုလိုနီေဟာင္း ေဟာင္ေကာင္၏ ျပႆနာသည္ ျပည္တြင္းေရးသက္သက္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ေျပာသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဟောင်ကောင်ဆန္ဒပြသူများ သမ္မတထရန့်ထံ အကူအညီတောင်းခံ

ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် မြို့တွင်းရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး ချီတက်လာချိန် သမ္မတဒေါ်နယ်ထရန့်ထံ အကူအညီပေးရန် မေတ္တာရပ်ခံလျက်ရှိကြသည်ဟု သိရသည်။

ဆန္ဒပြသူအချို့သည် ‘သမ္မတထရန့် ကျေးဇူးပြု၍ ဟောင်ကောင်ကို ကယ်တင်ပေးပါ၊ ဟောင်ကောင်ကို ပြန်လည်ကြီးထွားလာအောင် လုပ်ပေးပါ’ဟု အဓိပ္ပာယ်ရသော ဆိုင်းဘုတ်များ ကိုင်ဆောင်လာကြသည်ဟု သိရသည်။

ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်တစ်ရပ်ကို ဟောင်ကောင်ခေါင်းဆောင်ပိုင်းက နောက်ဆုံးတွင် လိုက်လျောပေးလိုက်ပြီဖြစ်သော်လည်း သီတင်း ၁၄ ပတ်ဆက်တိုက် ကြာမြင့်လာပြီဖြစ်သော ဆန္ဒပြပွဲများမှာ ရပ်မသွားဘဲ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အခြားသောနိုင်ငံများအနေဖြင့် ဟောင်ကောင်အရေး ကြားဝင်ဖျန်ဖြေခြင်းမပြုရန် တရုတ်အစိုးရက အခိုင်အမာသတိပေးထားပြီးဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်၏ ပြဿနာသည် ပြည်တွင်းရေးသက်သက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောသည်။

-Ads-
-Ads-