ဩစေၾတးလ်တြင္ ေတာမီးမ်ားေလာင္ကၽြမ္းမႈ ေႏြဦးရာသီ၏ နိမိတ္လကၡဏာတစ္ရပ္ဟုဆို

ဩစေၾတးလ်ျပည္နယ္ႏွစ္ခုတြင္ ေတာမီးေလာင္ကၽြမ္းမႈ ၁၀၀ ေက်ာ္ျဖစ္ေပၚေနျခင္းသည္ ပူျပင္းမႈႏွင့္ ေလထန္မႈအေျခအေနမ်ားကို ျပင္းထန္ေစၿပီး ယခုႏွစ္ ေႏြဦးရာသီအေစာပိုင္းတြင္ ယင္းသို႔ ႀကိဳတင္မမွန္းဆႏိုင္သည္မ်ား ျဖစ္ေပၚလာႏိုင္သည္ကို တာဝန္ရွိသူမ်ားက သတိေပးထားေၾကာင္း သိရသည္။

ကြင္းစလန္းျပည္နယ္တြင္ စက္တင္ဘာ ၈ ရက္က မီးေလာင္ကၽြမ္းမႈ ၅၀ ေက်ာ္ ျဖစ္ေပၚလ်က္ရွိသည္။ မီးေလာင္ရာေလပင့္ျဖစ္ေနေသာ ေလျပင္းတိုက္ခတ္မႈမ်ားသည္ အဆုံးသတ္မည့္ လကၡဏာမရွိေၾကာင္း မိုးေလ၀သႀကိဳတင္ခန္႔မွန္းသူမ်ားက ေျပာသည္။

အနီးဝန္းက်င္ရွိ နယူးေဆာက္ေဝးျပည္နယ္တြင္ မီးေတာက္တစ္ခုသည္ ဧက ၁၃၈၀၀၀ ေက်ာ္ကို ေလာင္ကၽြမ္းဝါးမ်ိဳသြားၿပီျဖစ္သည္။

-Ads-
-Ads-

ယင္းအေျခအေနမ်ားသည္ ေႏြရာသီအတြင္း ဝင္ေရာက္လာဖြယ္ နိမိတ္လကၡဏာတစ္ရပ္ျဖစ္သည္ဟု တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မွတ္တမ္းတင္ထားသည့္ သမိုင္းျဖစ္စဥ္တြင္ ယင္းကဲ့သို႔ေသာအျဖစ္မ်ိဳး တစ္ႀကိမ္မၽွ မေတြ႕ခဲ့ဘူးေၾကာင္း၊ ေႏြဦးရာသီအေစာပိုင္းတြင္ ထိုသို႔ျပင္းထန္သည့္ မီးေလာင္ကၽြမ္းမႈမ်ိဳးလည္း မရွိခဲ့ဘူးေၾကာင္း ကြင္းစလန္းျပည္နယ္ အေရးေပၚဝန္ေဆာင္မႈ စုံစမ္းစစ္ေဆးသူ အင္ဒ႐ူးစတူးဂတ္စ္က ေျပာၾကားထားသည္။

……………………………………..

(Unicode ဖြင့်ဖတ်ရန်)

ဩစတြေးလျတွင် တောမီးများလောင်ကျွမ်းမှု နွေဦးရာသီ၏ နိမိတ်လက္ခဏာတစ်ရပ်ဟုဆို

ဩစတြေးလျပြည်နယ်နှစ်ခုတွင် တောမီးလောင်ကျွမ်းမှု ၁၀၀ ကျော်ဖြစ်ပေါ်နေခြင်းသည် ပူပြင်းမှုနှင့် လေထန်မှုအခြေအနေများကို ပြင်းထန်စေပြီး ယခုနှစ် နွေဦးရာသီအစောပိုင်းတွင် ယင်းသို့ ကြိုတင်မမှန်းဆနိုင်သည်များ ဖြစ်ပေါ်လာနိုင်သည်ကို တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

ကွင်းစလန်းပြည်နယ်တွင် စက်တင်ဘာ ၈ ရက်က မီးလောင်ကျွမ်းမှု ၅၀ ကျော် ဖြစ်ပေါ်လျက်ရှိသည်။ မီးလောင်ရာလေပင့်ဖြစ်နေသော လေပြင်းတိုက်ခတ်မှုများသည် အဆုံးသတ်မည့် လက္ခဏာမရှိကြောင်း မိုးလေ၀သကြိုတင်ခန့်မှန်းသူများက ပြောသည်။

အနီးဝန်းကျင်ရှိ နယူးဆောက်ဝေးပြည်နယ်တွင် မီးတောက်တစ်ခုသည် ဧက ၁၃၈၀၀၀ ကျော်ကို လောင်ကျွမ်းဝါးမျိုသွားပြီဖြစ်သည်။

ယင်းအခြေအနေများသည် နွေရာသီအတွင်း ဝင်ရောက်လာဖွယ် နိမိတ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

မှတ်တမ်းတင်ထားသည့် သမိုင်းဖြစ်စဉ်တွင် ယင်းကဲ့သို့သောအဖြစ်မျိုး တစ်ကြိမ်မျှ မတွေ့ခဲ့ဘူးကြောင်း၊ နွေဦးရာသီအစောပိုင်းတွင် ထိုသို့ပြင်းထန်သည့် မီးလောင်ကျွမ်းမှုမျိုးလည်း မရှိခဲ့ဘူးကြောင်း ကွင်းစလန်းပြည်နယ် အရေးပေါ်ဝန်ဆောင်မှု စုံစမ်းစစ်ဆေးသူ အင်ဒရူးစတူးဂတ်စ်က ပြောကြားထားသည်။

-Ads-
-Ads-